ကူတော်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့က ဝင်ရောက် တိုက်ခိုက်

ကူတော်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့က ဝင်ရောက် တိုက်ခိုက်
ဇန်နဝါရီ 12, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ကူတော်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီပဲယင်း နှင့် ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ ည(၁၂)နာရီဝန်းကျင်အချိန်က တိုက်ခိုက်ရာ စစ်ကောင်စီ လက်အောင်ခံများ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရသည်။

ည(၁၂)နာရီကျော်က ပစ်ခတ်သံတွေကြားရတယ်။ လက်နက်ကြီးသံရောပဲ ကြားရတာ။ ပစ်ခတ်နေကြတာ ည(၁)နာရီကျော်မှ အသံတွေရပ်သွားတယ်၊ အထိအခိုက်တော့ မသိရသေးဘူး

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယင်းသို့ ဖြစ်ပွားမှုကြောင့် အာဏာသိမ်းစစ်တပ်က ကျေးရွာများပေါ် Drone ဖြင့် ကြည့်ခြင်း၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခြင်းပါ လုပ်ဆောင်သည့်အတွက် ဒေသခံများမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။