ရန်ကုန်တွင် အာဏာသိမ်းအဖွဲ့က မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်နှင့် ဦးဆောင်သူအချို့၏ ဖမ်းမိသတင်းကို ဖုံးကွယ်ထားပြီး ဆက်စပ်သူများအား ဖေါ်ထုတ်နေ 

ရန်ကုန်တွင် အာဏာသိမ်းအဖွဲ့က မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်နှင့် ဦးဆောင်သူအချို့၏ ဖမ်းမိသတင်းကို ဖုံးကွယ်ထားပြီး ဆက်စပ်သူများအား ဖေါ်ထုတ်နေ 
ဇန်နဝါရီ 11, 2022 | အခြားဒေသများ

ရန်ကုန်မြို့ပေါ်မှ ထင်ပေါ်ကျော်ကြားသည့် မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်များနှင့် ဦးဆောင်သူအချို့ကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့်သတင်းကို ဖုံးကွယ်ထားပြီး ဆက်စပ်ပါဝင်သူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ကလည်း တောင်ဥက္ကလာတွင် မြို့ပြပြောက်ကျား လုပ်သူဟု ယူဆရသူ (၂) ဦးကို ဖမ်းမိသွားသည်ဟု သတင်းများထွက်ခဲ့ပြီး ၎င်းတို့အား ဖမ်းမိသည်ကို သတင်းမထုတ်ပြန်ဘဲ ဆက်စပ်ဖမ်းဆီးမှုများ လုပ်နေသည်ဟု သိရသည်။

ဖမ်းဆီးသွားသည့် နေရာများအနီးမှ ပြည်သူများကိုလည်း သတင်းမီဒီယာများအား အသိပေးအကြောင်းကြားခြင်းများ မပြုလုပ်ရန် ခြိမ်းခြောက်ထားကြောင်းလည်း Tachileik News Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။

ဖမ်းဆီးခံရသူ အရေအတွက်နှင့် ဆက်စပ်ဖမ်းဆီးမိသူအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

#TachileikNewsAgency