စစ်ဗျူဟာအဖွဲ့(အခြေချ)မတူပီ၏ စစ်ရေးအရာရှိ   စစ်ထောက်ဗိုလ်ကြီး တစ်ဦး CDF-KKG ထံ လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်

စစ်ဗျူဟာအဖွဲ့(အခြေချ)မတူပီ၏ စစ်ရေးအရာရှိ   စစ်ထောက်ဗိုလ်ကြီး တစ်ဦး CDF-KKG ထံ လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်
ဇန်နဝါရီ 10, 2022 | အခြားဒေသများ

စစ်ဗျူဟာအဖွဲ့(အခြေချ)မတူပီ၏ စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန်၊ မုံရွာ ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးကောင်းသူဝင်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့က လက်နက်အပြည့်အစုံဖြင့် CDF-KKG ထံ CDM ပြုလုပ်ခဲ့ရာ မိသားစုများကိုပါ လုံခြုံရာ ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ကြည်း ၅၅၇၂၅ ဗိုလ်ကြီးကောင်းသူဝင်း ( စစ်တက္ကသိုလ် အပါတ်စဉ် ၅၂ - တပ်ထောက်ဗိုလ်ကြီးသင်တန်းအမှတ်စဉ် ၃၉ )

 အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်လုပ်ရပ်များ၊ မတရားမှုများကို စက်ဆုပ်ရွံရှာသည့်အတွက် CDM ပြုလုပ်လာခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဗိုလ်ကြီးကောင်းသူဝင်းနှင့် မိသားစုကို လုံခြုံစိတ်ချမှုအပြည့်ရှိသည့် နေရာဒေသသို့ ပို့ဆောင်ပေးပြီးဖြစ်သလို ထိုက်သင့်သောဆုကြေးငွေကိုလည်း ပေးအပ်ပြီးဖြစ်ကြောင်း CDF-KKG က ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကြည်း ၅၅၇၂၅ ဗိုလ်ကြီးကောင်းသူဝင်း ( စစ်တက္ကသိုလ် အပါတ်စဉ် ၅၂ - တပ်ထောက်ဗိုလ်ကြီးသင်တန်းအမှတ်စဉ် ၃၉ )သည် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် သေနတ် ကျည် အပြည့်အစုံဖြင့် CDF - KKG ထံသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။