ကလေးမြို့နယ်အတွင်း နတ်ချောင်းနှင့် နတ်မြောင်းရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှပစ်ခတ်ပြီး ညပိုင်းတွင် နေအိမ်များ မီးရှို့နေ

ကလေးမြို့နယ်အတွင်း နတ်ချောင်းနှင့် နတ်မြောင်းရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှပစ်ခတ်ပြီး ညပိုင်းတွင် နေအိမ်များ မီးရှို့နေ
ဒီဇင်ဘာ 23, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နတ်ချောင်းရွာနှင့် နတ်မြောင်းရွာတို့ကို အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် (၂)စီးဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ညပိုင်းတွင်လည်း နတ်ချောင်းရွာအတွင်း နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။

နတ်ချောင်းရွာ နဲ့ နတ်မြောင်းရွာကို ရဟတ်ယာဉ်ပေါ်ကနေ ပစ်နေတယ်။ အခုထိတော့ အထိအခိုက် မသိ‌ရသေးဘူး။ ဒေသခံတွေကတော့ ထွက်ပြေး တိမ်းရှောင်တာ‌တွေလည်းရှိတယ်။ တချို့လည်း ရွာထဲမှာ ပိတ်မိနေတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

ကျေးရွာအတွင်း ပိတ်မိနေသည့်ဒေသခံများလည်းရှိနေရာ ၎င်းတို့အတွက် စိုးရိမ်နေရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် နတ်ချောင်းရွာ အထက်တန်းကျောင်းအတွင်းဝင်၍ တပ်စွဲနေပြီး ညနေပိုင်းတွင် PDF(Kalay)၊ ပကဖ - ကလေး၊ CNDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ခိုက်မှုဖြစ်ပွားရာတွင် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် (၂) စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် (၂)စီးဖြင့် ရွာထဲကိုသာမက ရွာအနီးရှိ တောအုပ်များကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။