ချင်းတွင်းမြစ်ကြောင်းမှ တရားမဝင်သယ်လာသည့် ကျောက်စိမ်းဖမ်းမိ၍ ဒေသကာကွယ်ရေးအဖွဲ့က NUG အစိုးရထံ လွှဲပြောင်းထား

Photo: Mingin PDF
Photo: Mingin PDF
ချင်းတွင်းမြစ်ကြောင်းမှ တရားမဝင်သယ်လာသည့် ကျောက်စိမ်းဖမ်းမိ၍ ဒေသကာကွယ်ရေးအဖွဲ့က NUG အစိုးရထံ လွှဲပြောင်းထား
ဒီဇင်ဘာ 23, 2021 | အခြားဒေသများ

ချင်းတွင်းမြစ်ကြောင်းမှ တရားမဝင်သယ်လာသည့်ကျောက်စိမ်း ဖမ်းမိ၍ NUG အစိုးရထံ လွှဲပြောင်းပေးထားကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

 



မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁)သည် ချင်းတွင်းမြစ်ရေကြောင်းတစ်လျှောက် တရားမဝင် ပစ္စည်းသယ်ယူနေခြင်းများအား တားဆီးနိုင်ရန်လုပ်ဆောင်နေပြီး လွန်ခဲ့သောရက်ပိုင်းကလည်း အာဏာသိမ်းအဖွဲ့က ကျောက်စိမ်းသယ်လာသည့် ရေယာဉ် (၁၁) စီးအုပ်စုကိုလည်း တားဆီးရန် ပစ်ခတ်မှုများလုပ်ခဲ့ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကြောင်းတွင်  အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ဌာနများကို ငွေကြေးပေး၍ တရားမဝင် သစ်ဝါးများသယ်ယူခြင်း၊ ကျောက်မီးသွေး၊ ကျောက်စိမ်း သယ်ယူခြင်းများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ အပ်နှံခြင်း၊ အချို့အား ဖျက်ဆီးပစ်ခြင်းတို့လုပ်နေကြောင်း သိရသည်။