အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများ ကြားသိရပါက အွန်လိုင်းပေါ်တွင် အလျင်စလို မတင်ခြင်းဖြင့် ပူးပေါင်း ပါဝင်ကြရန် KNU မှ  အသိပေး မေတ္တာရပ်ခံ

အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများ ကြားသိရပါက အွန်လိုင်းပေါ်တွင် အလျင်စလို မတင်ခြင်းဖြင့် ပူးပေါင်း ပါဝင်ကြရန် KNU မှ  အသိပေး မေတ္တာရပ်ခံ
ဒီဇင်ဘာ 20, 2021 | အခြားဒေသများ

ကေအဲန်ယူ- ဒူးပလာယာခရိုင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)မှ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများ ကြားသိရပါက အွန်လိုင်းပေါ်တွင် အလျင်စလို မတင်ခြင်းဖြင့် ပူးပေါင်း ပါဝင်ကြရန်   KNU က ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် အသိပေးမေတ္တာရပ်ခံချက် ထုတ်ပြန်လာသည်။

စခန်းသိမ်းတိုက်ပွဲများ ပြီးမြောက်သော်လည်း နောက်ဆက်တွဲ လုပ်ဆောင်စရာများရှိသည်ဖြစ်၍ စစ်ရေးလှုပ်ရှားမှု

အကြောင်းအရာများ အပြင် စစ်ပြေးဒုက္ခသည် ပြည်သူများ၏ နေရာများကိုလည်း မြေပုံညွှန်းနှင့်တကွ ဖော်ပြခြင်းများပြုလုပ်ပါက စစ်ပြေးဒုက္ခသည်များအား အာဏာသိမ်းစစ်ကောင်စီတပ်မှ ပြည်သူတို့ကို ပစ်မှတ်ထားနိုင်သည့် အတွက် စစ်ပြေးဒုက္ခသည်များ လုံခြုံမှုမရှိစေနိုင်တော့သည့်အတွက် အွန်လိုင်းတွင် မဖော်ပြကြရန် အသိပေးထားသည်။

 ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံးပြီး လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိသည့် အချိန်မှသာလျင် onlineပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံထားရှိသည်။

#TachileikNewsAgency