မတ္တရာမြို့ရှိ ရုံးပင်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်တိုက်၊ ရဲများက မိသားစုဝင်များကို ထားခဲ့ကာ လက်နက်ယူပြီး နောက်ဖေးပေါက်က ထွက်ပြေး

  Photo: CJ
  Photo: CJ
မတ္တရာမြို့ရှိ ရုံးပင်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်တိုက်၊ ရဲများက မိသားစုဝင်များကို ထားခဲ့ကာ လက်နက်ယူပြီး နောက်ဖေးပေါက်က ထွက်ပြေး
ဒီဇင်ဘာ 19, 2021 | အခြားဒေသများ

မတ္တရာမြို့ရှိ ရုံးပင်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်တိုက်၊ ရဲများက မိသားစုဝင်များကို ထားခဲ့ကာ  လက်နက်ယူပြီး နောက်ဖေးပေါက်က ထွက်ပြေး

* * * * *

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ရုံးပင်ရဲကင်းစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက  တိုက်ခိုက်သိမ်းပိုက်လိုက်ကာ ပင်မဆောင်ကို မီးရှို့လိုက်ပြီး ဖမ်းဆီးရမိသည့် ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ အကူးပိုင်းအချိန်က ဒေသကာကွယ်ရေးအဖွဲ့များမှ ရုံးပင်ရဲကင်းစခန်းအား ဝင်တိုက်စဉ် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံရဲတပ်ဖွဲ့ဝင်များက မိသားစုဝင်များကို ထားရစ်ခဲ့ကာ လက်နက်များယူဆောင်ပြီး နောက်ဖေးပေါက်ကနေ ထွက်ပြေးကြောင်း သိရသည်။

ရုံးပင်ရဲကင်းစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝိုင်းလိုက်ပြီး တိုက်ခိုက်ချိန် ရဲတပ်ဖွဲ့က နောက်ဖေးပေါက်ကနေ လက်နက်များကို ယူဆောင်ပြီး ထွက်ပြေးသွားသည့်အတွက် စခန်း၏ ပင်မဆောင်ကို မီးရှို့ဖျက်ဆီးလိုက်ပြီး ဒေသကာကွယ်ရေးအဖွဲ့များက ဖမ်းမိသည့် ရဲတပ်ဖွဲ့ဝင်မိသားစုများကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

"ဖမ်းမိတဲ့ ကလေးတွေနဲ့ မိသားစုကို ပြန်လွတ်ပေးလိုက်တယ်၊  ရဲတွေက လက်နက်တွေပါယူပြီး မလွယ်ပေါက်ကနေထွက်ပြေးသွားတာတယ်၊ အဲဒါနဲ့ ပင်မဆောင်ကို မီးရှို့ပစ်လိုက်တယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီး နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ် ရောက်ရှိလာပြီး အနီးဝန်းကျင်တစ်စိုက် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။