အာဏာသိမ်းအဖွဲ့ကို သံပုံးတီးနှင်ထုတ်ကြသည့်သပိတ်မှာ အကြမ်းဖက်နှိမ်နှင်းခံရမှုများကြောင့် ငြိမ်သက်သွားရာမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ ရန်ကုန်၊ ကြည့်မြင်တိုင်မှ ရန်ကုန်လူထုသပိတ်ကို ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်သည့် အာဏာသိမ်းအဖွဲ့၏လုပ်ရပ်ကြောင့် ပြန်လည်သက်ဝင်လာသည်ကို တွေ့ရသည်။
ရန်ကုန်မြို့ရပ်ကွက်အများအပြားတွင် ယနေ့ညပိုင်း၌ ယခင်ကဲ့သို့ သံပုံးတီးသပိတ်များပြုလုပ်ကြကာ အာဏာသိမ်းစစ်ခေါင်းဆောင်အား ဆဲဆိုကာ အရေးတော်ပုံအောင်မြင်ရမည်ဟု ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ရန်ကုန်လူထုသပိတ်ကို အနောက်မှ စစ်ကားဖြင့်ဝင်တိုက်ကာ၊ သေနတ်ဖြင့်ပစ်ခတ်မှုများ လုပ်ခဲ့ခြင်းဖြစ်သည်။
Video: CJ