တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာ  ကိုရီးယား - မြန်မာ   ပူးပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံအတွင်း အူဆန်မြို့တွင် မြန်မာစစ်ဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း ပြသသည့်အနေဖြင့်  နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်ပြီး ကိုရီးယား - မြန်မာ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။ 

တောင်ကိုရီးယားနိုင်ငံတွင် မြန်မာ့အရေးတက်ကြွ ဦးဆောင်လှုပ်ရှားနေသည့် နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်ကာ မြန်မာ့အရေးတကြွလှုပ်ရှားသည့် ကိုရီးယား - မြန်မာများ ပူးပေါင်းပြီး အပတ်စဉ် ကြာသပတေး နှင့် တနင်္ဂနွေနေ့များတွင်   မြန်မာစစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြမှုနှင့်အတူ ရန်ပုံငွေရရှိရေးအတွက်   ပူးပေါင်းဆောင်ရွက်လေ့ရှိကြောင်း သိရသည်။