တော်လှန်ရေး အောင်နိုင်ရေး ထောက်ပံ့မှုများ များများပြုလုပ်ကြရန် ဒယ်ဂူးဘုန်းဘုန်း မိန့်ကြား

တောင်ကိုရီးယားနိုင်ငံအတွင်း  ဒယ်ဂျွန်းမြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက    မြန်မာ့အရေးတက်ကြွ ဦးဆောင်လှုပ်ရှားနေသည့် နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)က မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့်အတူ စစ်အာဏာရှင်အမြန်ဆုံးကျဆုံးရေး ဆန္ဒပြမှု လုပ်ဆောင်ရင်း အာဏာရှင်အမြစ်ပြတ် တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရေးအတွက် ဆန္ဒပြမှုများအပြင် ထောက်ပံ့မှုများများ ပြုလုပ်ပေးနိုင်မှသာ အမြန်ဆုံး အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တတ်နိုင်သည့်ဘက်က ထောက်ပံ့မှုများ ပြုလုပ်ကြရန် မိန့်ကြားဟောပြောခဲ့သည်။ 

နိုင်ငံကို လက်နက်အားကိုးဖြင့် သိမ်းထားသည့် စစ်တပ်သည် ပြည်သူ့ဘဏ္ဍာငွေများဖြင့် လူအင်အား၊ စစ်လက်နက်အင်အား ဖြည့်တင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ဘက်က ပါဝင်သည့် အဖွဲ့အစည်းများကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက်  ပြည်သူ့ဘက်တော်သား စစ်သည်တော်များကို ပြည်သူများကသာ ဝိုင်းဝန်းထောက်ပံ့နေကြရခြင်း ဖြစ်သည်။

 

တောင်ကိုရီးယားနိုင်ငံအတွင်း  နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်ပြီး   ကိုရီးယား - မြန်မာ တက်ကြွလှုပ်ရှားသူများက အပတ်စဉ် ကြာသပတေး နှင့် တနင်္ဂနွေနေ့များတွင် မြန်မာစစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် တော်လှန်ရေးစစ်သည်တော်များအတွက်ပါ ရန်ပုံငွေရှာဖွေမှုများပါ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။