တောင်ကိုရီးယားနိုင်ငံ၊ ချန်းဝမ်မြိုမှ နွေဦးတော်လှန်ရေးဆရာတော် (ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်ကာ မြန်မာနိုင်ငံအရေးကို ကူညီအားပေးနေသည့် ကိုရီးယားနိုင်ငံသားများနှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြရာ ဒယ်ဂူးဆရာတော်က ကဗျာဆရာ ဘိုဘိုလှိုင်(မြင်းခြံ)၏ ငါ မပါဝင်ခဲ့ရင် ခွင့်မလွတ်ကြေး ကဗျာကို ရွတ်ကာ ကြွေးကြော်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ရှုတ်ချခြင်း ဆန္ဒပြပွဲများကို နွေဦးတော်လှန်ရေးဆရာတော် (ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်ပြီး တောင်ကိုရီးယားမှ ကိုရီးယားနိုင်ငံသားများ နှင့် မြန်မာနိုင်ငံသားများဖြင့် ပူးပေါင်းပြီး လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။