တောင်ကိုရီးယားနိုင်ငံအတွင်း မြန်မာ့အရေးတက်ကြွလှုပ်ရှား ဦးဆောင်သူ နွေဦးတော်လှန်ရေးဆရာတော် ဒယ်ဂူးဘုန်းဘုန်းက မြန်မာ - တောင်ကိုရီးယား နိုးထရှင်သန်ခြင်း RAM အဖွဲ့၏ မေးမြန်းမှုအစီအစဉ်တွင် မြန်မာ့နွေဦးတော်လှန်ရေး အောင်နိုင်ဖို့ အဓိက အကျဆုံးသည် ပြည်သူများ ရန်ပုံငွေ များများ ထည့်ဝင်မှသာ အရေးတော်ပုံ အမြန်ဆုံးအောင်နိုင်မည်ဖြစ်သည့်ဟု တိုက်တွန်းမိန့်ကြားလိုက်သည်။
ပြည်သူ့အစိုးရအား ဖမ်းဆီးပြီး အာဏာသိမ်းလိုက်သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဖွဲ့သည် လူအင်အား၊ လက်နက်အင်အားများရှိနေပြီး လိုအပ်လျှင် စိတ်ကြိုက် ထုတ်သုံးနိုင်မည့် ပြည်သူ့ဘဏ္ဍာငွေများကိုလည်း သိမ်းပိုက်ထားသည့်အတွက် မြန်မာနိုင်ငံအတွင်းမှ စစ်အာဏာရှင်ကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)များ နှင့် ဒေသကာကွယ်ရေးအဖွဲ့များအတွက် ပြည်သူများ၏ အထောက်အပံ့များ များစွာ လိုအပ်နေခြင်းကြောင့် ဝိုင်းဝန်းပံ့ပိုးလှူဒါန်းကြရန် တိုက်တွန်းမိန့်ကြားခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် နွေဦးတော်လှန်ရေးဆရာတော် ဒယ်ဂူးဘုန်းဘုန်း ဦးဆောင်ပြီး ကိုရီးယား - မြန်မာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ စုပေါင်းပြီး အပတ်စဉ် (၂)ရက် မြန်မာစစ်အာဏာရှင်ကို ဆန္ဒပြခြင်း နှင့် တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။