ကြည့်မြင်တိုင်တွင် အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူများကို ကားနဲ့တိုက်၊ ပစ်ခတ်ဖြိုခွင်းမှုအား ရိုက်ကူးသူကို ရှာဖွေနေ

ကြည့်မြင်တိုင်တွင် အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူများကို ကားနဲ့တိုက်၊ ပစ်ခတ်ဖြိုခွင်းမှုအား ရိုက်ကူးသူကို ရှာဖွေနေ
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယနေ့ နံနက်ပိုင်းက လူထုသပိတ်အား အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကားဖြင့်တိုက်၊ ပစ်ခတ်နှိမ်နှင်းမှုကို မှတ်တမ်းရိုက်ကူးသူများအား အာဏာသိမ်းအဖွဲ့က လိုက်ရှာနေကြောင်း သိရသည်။

 Han Nyein Oo ၏ telegram တွင် ရေးပြီး ဖမ်းဆီးရန် အသိပေးထားပုံ

အာဏာသိမ်းအဖွဲ့အား မည်သူကဆန့်ကျင်ကြောင်း၊ မည်သူ့အားဖမ်းသင့်ကြောင်း တောက်လျှောက်ရေးသားနေသည့် Han Nyein Oo ၏ telegram အကောင့်တွင် အဆိုပါဖြစ်ရပ်အား ဗီဒီယိုရိုက်ကူးသည့်အမျိုးသမီးအား ရိုင်းစိုင်းစွာပြောဆိုရေးသားပြီး ဖမ်းဆီးရန်ပို့စ်တင်ထားသည်ကို တွေ့ရသည်။

၎င်းတို့၏လုပ်ရပ်ကို မှတ်တမ်းယူခံရမည်ကို ကြောက်ရွံ့သည့် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များဖြစ်သည့် စစ်တပ်နှင့် ရဲအဖွဲ့တို့က လက်ရှိတွင် အခင်းဖြစ်နေရာအနီးဝန်းကျင်ကို ရှာဖွေမှုများလုပ်နေကြောင်း သိရသည်။

 

ဆက်စပ်သတင်း

ရန်ကုန်ဆန္ဒပြပြည်သူများအား ကားဖြင့်တိုက်သတ်၊ သေနတ်ဖြင့်ပစ်သတ်သည့် အာဏာသိမ်းအဖွဲ့ကို ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မည်