စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရဲ့ တောင်ပိုင်းမှာ ရောက်နေတဲ့အာဏာသိမ်းစစ်တပ်က ဒီနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှာ ဆင်ကျေးရွာကို ဝင်ရောက် အကြမ်းဖက် ရှာဖွေပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားပါတယ်။
အာဏာသိမ်းတပ်ရဲ့ အင်အား (၃၀)ဝန်းကျင်နဲ့အတူ သတင်းပေးဒလန်ဆိုသူများ ပါဝင်တဲ့အဖွဲ့က ဆင်ကျေးရွာဟာ PDF ရှိတဲ့ ကျေးရွာဖြစ်တယ်လို့ စွပ်စွဲပြီး ရှာဖွေမှုတွေပြုလုပ်ပြီးတဲ့နောက်မှာ နေအိမ် (၅)လုံး အပြင် နွားစာတိုက်(၂)လုံး၊ စပါးတိုက်(၂) နဲ့ ဆန်စက်(၁)လုံးတို့ကို မီးရှို့ဖျက်ဆီးသွားကြပါတယ်။
ကလေးမြို့နယ်ရဲ့ တောင်ပိုင်းအတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်က တစ်ရွာဝင် တစ်ရွာထွက်ပြီး ရှာဖွေဖျက်ဆီးမှုတွေ မီးရှို့ဖျက်ဆီးမှုတွေ အပြင် PDF လို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။