အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လမ်းညွှန်မှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF) တပ်ရင်း၏ မွမ်းမံသင်တန်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် သင်တန်းဆင်းပြီဖြစ်ကြောင်း သိရသည်။
ပြည်သူ့အာဏာကို မတရားသိမ်းယူ၊ ဖမ်းဆီး၊ သတ်ဖြတ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အစွမ်းကုန်ကြိုးစားတိုက်ထုတ်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ရောက်အောင် ကျွန်ုပ်တို့ (DMO-PDf) တပ်ဖွဲ့အနေဖြင့် ကြိုးစားသွားမည်ဟု သစ္စာပြု၍ စစ်ကြောင်းချီတက်ကာ အခမ်းအနားကို ကျင်းပကြောင်း သိရသည်။
ပြည်သူ့ဆန္ဒမဲပယ်ဖျက်ပြီး နိုင်ငံ့အာဏာသိမ်းထားသည့် စစ်တပ်က စစ်အာဏာသိမ်းမှုလက်မခံသည့် ပြည်သူများအား လက်နက်ဖြင့် အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းမှုများကြောင့် လက်နက်ကိုင် ခုခံသည့် ပြည်သူ့တော်လှန်ရေးအင်အားစုများ ထွက်ပေါ်လာခြင်းဖြစ်သည်။