နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း (၂၇၄)ရက်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ ဖမ်းဆီး နှိပ်စက် ပစ်ခတ် သတ်ဖြတ်ခံရသည့် ပြည်သူ (၁၂၂၉)ဦး အထိ ရှိနေ

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း (၂၇၄)ရက်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ ဖမ်းဆီး နှိပ်စက် ပစ်ခတ် သတ်ဖြတ်ခံရသည့် ပြည်သူ (၁၂၂၉)ဦး အထိ ရှိနေ
နိုဝင်ဘာ 1, 2021 | အခြားဒေသများ

 နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း (၂၇၄)ရက်အတွင်း အာဏာသိမ်းစစ်တပ်က ယနေ့အချိန်အထိ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ဆက်လက်ပြုလုပ်နေရာ နိုဝင်ဘာလ(၁)ရက်နေ့အထိ ကျဆုံး ပြည်သူ (၁၂၂၉)ဦးအထိ ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က သတင်းထုတ်ပြန်လာသည်။

ရက်ပိုင်းအတွင်း မကွေးတိုင်း‌ဒေသကြီး၊ မကွေးမြို့နယ်နှင့် ချောက်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တို့မှ အပြစ်မဲ့ပြစ်သူ စုစုပေါင်း (၇) ဦး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၁)ရက်နေ့အထိ ကျဆုံးပြည်သူ စုစုပေါင်း (၁၂၂၉)ဦးသည် AAPP က လက်လှမ်းမှီသလောက်တာ ကောက်ယူထားသည့် စာရင်းများဖြစ်ပြီး အမှန်တကယ် ကျဆုံးပြည်သူများ၏ အရေအတွက်မှာ ပို၍ များနိုင်ကြောင်း သိရသည်။



 ရက်ပေါင်း (၂၇၄)ရက်အတွင်း ဖမ်းဆီးခံခဲ့ရသူ (၉၅၉၂)ဦး ရှိပြီး တိမ်းရှောင်နေရသူမှာလည်း (၁၉၅၄)ဦးအထိရှိကြောင်း AAPP က သတင်းထုတ်ပြန်ထားရှိသည်။