တက္ကသိုလ်များရှိ ပထဝီဝင်ဌာနမှ Non CDM ကထိက (၇၅)ဦးကို ရာထူးတိုးပေး

တက္ကသိုလ်များရှိ ပထဝီဝင်ဌာနမှ Non CDM ကထိက (၇၅)ဦးကို ရာထူးတိုးပေး
အောက်တိုဘာ 29, 2021 | အခြားဒေသများ

နိုင်ငံ့အာဏာအား စစ်တပ်ကသိမ်းလိုက်ပြီးနောက်  စစ်အာဏာရှင်၏ ယန္တရားအား လည်ပတ်ရာတွင် အထောက်ပံ့ဖြစ်စေရန် ဆက်လက်တာဝန်ထမ်းဆောင်နေသည့် တက္ကသိုလ်များရှိ ပထဝီဝင်ဌာနမှ Non-CDM ကထိက(၇၅)ဦးကို အာဏာသိမ်းအဖွဲ့က အောက်တိုဘာလ(၂၈)ရက်နေ့ ရက်စွဲဖြင့် တွဲဖက်ပါမောက္ခများအဖြစ် ရာထူးတိုးပေးသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်လာကြောင်း သိရသည်။

အောက်တိုဘာလ(၂၈)ရက်နေ့မှာပင် အင်္ဂလိပ်စာဌာနမှ Non CDM ကထိက (၇၇)ဦးကိုလည်း တွဲဖက်ပါမောက္ခများအဖြစ် ရာထူးတိုးပေးကြောင်းလည်း သိရသည်။

ရာထူးတိုးသူများသည် CDM လုပ်ဆောင်သွားသူများ၏ လစ်လပ်နေရာများတွင် အစားထိုး ဝင်ရောက်သူများပြားကြောင်း သိရသည်။

နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းယူခြင်းဟာ လက်မခံနိုင်သူများ နှင့် စစ်အာဏာရှင်၏ ယန္တရားလည်ပတ်ရေးတွင် မပါဝင်လိုသည့် ပြည်သူ့ကိုယ်စားပြု ဝန်ထမ်းများက CDM ဆက်လက် လုပ်ဆောင်ထားကြသည်။