ပုဂံ ညောင်ဦးမြို့နယ်အတွင်း Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီး

 ပုဂံညောင်ဦး PDF
 ပုဂံညောင်ဦး PDF
ပုဂံ ညောင်ဦးမြို့နယ်အတွင်း Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီး
အောက်တိုဘာ 28, 2021 | အခြားဒေသများ

ပုဂံ ညောင်ဦးမြို့နယ်အတွင်း တောင်ရှေ့ကျေးရွာရှိ အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားတစ်ခုဖြစ်သည့် Myel တာဝါတိုင်ကို ပုဂံညောင်ဦး PDF က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ ညပိုင်းက လုပ်ဆောင်လုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

 ပုဂံညောင်ဦး PDF က အောက်တိုဘာလအတွင်း ညောင်ပင်ကန် နှင့် ဝက်ကြီးအင်းကျေးရွာတို့ရှိ Mytel တာဝါတိုင်များကိုလည်း ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ပြီးကြောင်းလည်း သိရသည်။