အီရန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်အုပ်ချုပ်ရေးမှူးသစ်ဖြစ်သူ အဘီဒင်ခိုရမ်ဟာ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက ကျင်းပတဲ့ ကျမ်းသစ္စာကျိမ်ဆိုပွဲမှာ ပါးရိုက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
လူတစ်ယောက်က စင်ပေါ်တက်လာပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးသစ်ကို ပါးရိုက်တဲ့အတွက် လုံခြုံရေးများက ဆွဲခေါ်သွားကြတာကိုတွေ့ရပါတယ်။
အခု အခမ်းအနားမတိုင်မီ ရက်ပိုင်းများကလည်း သူ့ကို ခြိမ်းခြောက်မှုများရှိခဲ့တယ်လို့ သိရပါတယ်။
ပါးရိုက်သူဟာ IRGC တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခုလို လုပ်ဆောင်တာဟာ ပုဂ္ဂိုလ်ရေးအရ ရိုက်တာလို့ လတ်တလော သိထားရပေမဲ့ သူ့ကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။