အောက်တိုဘာ 20, 2021 | MNDAA
အာဏာသိမ်းစစ်တပ် တပ်ဆုတ်ထွက်ပြေးသွားသည့် MNDAA၏ ရှေ့တန်းနေရာကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့ ညနေပိုင်းတွင် နယ်မြေရှင်းလင်းရာ အာဏာသိမ်းစစ်တပ်၏ အလောင်း (၁၈) လောင်းနှင့် လက်နက်ခဲယမ်းအချို့ကို MNDAA က သိမ်းဆည်းရမိသည်ဟု သိရသည်။
စစ်ဆင်ရေးရပ်ဆိုင်းမည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAAတပ်တို့သည် ဖောင်းဆိုင်ဒေသ၊ မုံးကိုး၊ ပန်ဆိုင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ခမရ (၅၄၅) တပ်ရင်းမှူး အောင်ကိုမြင့်၏ လုံခြုံရေး စနိုက်ပါသမားတစ်ဦးလည်း အောက်တိုဘာလ (၁၈) ရက်နေ့က MNDAA ဘက်သို့ ခိုလှုံသွားသည်ဟု သိရသည်။
video: The Kokang