ကန့်ဘလူမြို့နယ်တွင်းက Mytel တာဝါတိုင် (၂)တိုင် ဖောက်ခွဲခံရ၊ ကျန်ရှိ Mytel တာဝါတိုင်များကို PDF က ဗုံးဆက်ခွဲမည်

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာ(၂)ရွာအတွင်းမှ အာဏာသိမ်းစစ်တပ်ပိုင် Mytel တာဝါတိုင် (၂)တိုင်ကို ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ ညပိုင်းက ဖောက်ခွဲဖျက်စီးခဲ့ကြောင်း ကန့်ဘလူ(PDF)က စက်တင်ဘာလ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ကန့်ဘလူ)က ကန့်ဘလူမြို့နယ်အတွင်း ကျန်ရှိသည့် Mytel တာဝါတိုင် အားလုံးကို တစ်ခုမကျန် ကန့်ဘလူအဖွဲ့နှင့် ကန့်ဘလူမြို့နယ်အတွင်း တစ်သီးတခြားရပ်တည်ကာ အာဏာရှင်ကိုတော်လှန်နေကြသည့် လူငယ်မျိုးဆက်အဖွဲ့များဖြင့် ပူးပေါင်းပြီး ဖျက်ဆီးသွားမည်ဖြစ်ကြောင်းလည်း ကြိုတင်အသိပေးထားရှိသည်ကို တွေ့ရသည်။

 

video: ကန့်ဘလူ(PDF)