ဆင်စွယ်ရွာက Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး မီးခ

ဆင်စွယ်ရွာက Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး မီးခ
စက်တင်ဘာ 4, 2021

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်မြို့နယ် ဆင်စွယ်ရွာရှိ Mytel တာဝါတိုင်တွင် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က ဖောက်ခွဲဖျက်ဆီးခံရပြီး မီးလောင်သွားကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်းစစ်တပ်၏  Mytel ဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စစ်အာဏာရှင်ကို မလိုလားသည့် ပြည်သူ သန်းပေါင်းများစွာက Boycott လုပ်ဆောင်ထားသလို တိုင်းနှင့်ပြည်နယ် နေရာတော်တော်များများတွင်လည်း Mytel တာဝါတိုင် နှင့် စက်ခန်းများ ဖောက်ခွဲဖျက်ဆီးခံရမှုများ၊ မီးလောင်မှုများ ဩဂုတ်လအတွင်းကလည်း အဖြစ်များခဲ့သည်။