အာဏာသိမ်းစစ်တပ်ကို လက်နက်ဝယ်ယူရေး ကူညီနေသည့် ဦးတေဇနှင့် ထူးလုပ်ငန်းစုကို ဗြိတိန်က ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်တပ်ကို လက်နက်ဝယ်ယူရေး ကူညီနေသည့် ဦးတေဇနှင့် ထူးလုပ်ငန်းစုကို ဗြိတိန်က ပိတ်ဆို့အရေးယူ
စက်တင်ဘာ 3, 2021

နိုင်ငံ့အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာသိမ်းစစ်တပ်အတွက် လက်နက်ဝယ်ယူရေး ကူညီပေးနေသည့် ဦးတေဇနှင့် ထူးလုပ်ငန်းစုကို ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့တွင် ကြေညာသည်။

မြန်မာ့စစ်တပ် လက်နက်ဝယ်ယူမှုကို အကူအညီပေး‌ေနသူ ဦးတေဇနဲ့ သူ့ ရဲ့ ထူးလုပ်ငန်းစု ကို ပိတ်ဆို့အရေးယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစစ်အာဏာရှင်နဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲ‌ဝင်‌နေကြတဲ့ အရပ်သား ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နှိမ်နင်းမှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ မည်သူကိုမဆို ဗြိတိန်အစိုးရက ပစ်မှတ်ထား အရေးယူသွားမှာဖြစ်တယ်

 အာရှဒေသဆိုင်ရာဗြိတိန်နိုင်ငံဝန်ကြီး နိုင်ဂျယ် အဒမ်စ်က ပြောကြားထားသည်။

ထူးလုပ်ငန်းစု (Htoo Group of Companies) သည် Air Bagan လေကြောင်းလိုင်း၊ AGD ဘဏ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းများစွာလုပ်ကိုင်နေခြင်းဖြစ်သည်။

#TachileikNewsAgency