ဘားအံမြို့နယ်အတွင်း KNU နှင့် အာဏာသိမ်းစစ်တပ်တို့ (၁၅)မိနစ်ကြာ တိုက်ခိုက်

ဘားအံမြို့နယ်အတွင်း KNU နှင့် အာဏာသိမ်းစစ်တပ်တို့ (၁၅)မိနစ်ကြာ တိုက်ခိုက်
သြဂုတ် 29, 2021 | နိုင်ငံရေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စု၊ မီးပုံးကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်၌ အာဏာသိမ်းစစ်တပ်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

 KNU /KNLA တပ်ရင်း(၁)နှင့် အာဏာသိမ်းစစ်တပ်ကြား (၁၅) မိနစ်ကြာတိုက်ပွဲအတွင်း KNU/KNLA ဘက်မှ အထိအခိုက်မရှိဘဲ အာဏာသိမ်းစစ်တပ်ဖက်မှ သေဆုံးသူရှိသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ်တွင်း KNUနယ်မြေများ၌ စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်မည့် အနေအထားများကို တွေ့နေရပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။