ကျိုင်းတုံမြို့တွင် ဩဂုတ်လ(၂၃)ရက်နေ့၏ နေ့ရောညပါ စစ်ဆေးချက်များအရ Covid-19 ပိုး ကူးစက်ခံထားရသူ (၁၂၃)ဦး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
တစ်နေ့တာ စစ်ဆေးတွေ့ရှိရသည့် (၁၂၃)ဦးမှာ ရပ်ကွက်(၁)က (၂၁)ဦး၊ ရပ်ကွက်(၂)က (၁၅)ဦး၊ ရပ်ကွက်(၃)က (၄၇)ဦး၊ ရပ်ကွက်(၄)က (၉)ဦး၊ ရပ်ကွက်(၅)က (၃)ဦး၊ စစ်ဆေးရုံမှ (၁၈)ဦး၊ မိုင်းလန်းကျေးရွာအုပ်စုမှ (၅)ဦး၊ မိုင်းခွန်ကျေးရွာအုပ်စုမှ (၁)ဦး၊ မိုင်းဇင်းကျေးရွာအုပ်စုမှ (၁)ဦး၊ နောင်ကုန်ကျေးရွာအုပ်စုမှ (၂)ဦး နှင့် မိုင်းလပ်ကျေးရွာအုပ်စုမှ (၁)ဦး တို့ဖြစ်ကြသည်။
ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁၀၈၀)ဦးအထိ ရှိသွားပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူများမှာ (၅၃၉)ဦးရှိနေကာ သေဆုံးသူမှာလည်း (၁၅)ဦးရှိနေပြီး လက်ရှိတွင် နေအိမ်ပြန်ခွင့် သတ်မှတ်ရက်ပြည့်ရန် စောင့်နေကြသူမှာ (၅၂၆)ဦး ရှိနေသည်။
ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမနေရာတွင် မိမိကိုယ်ကို သံသယရှိသူများအား Covid-19 စစ်ဆေးပေးနိုင်မည့် Fever Clinic ကို ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့ကစ၍ ဖွင့်လှစ်ထားပြီး ပိတ်ရက်မရှိ နေ့စဉ် နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအတွင်း မည်သူမဆို လာရောက်စစ်ဆေးနိုင်ကြောင်းလည်း သိရသည်။
ဆက်စပ်သတင်းများ
- ကျိုင်းတုံမြို့နယ်ကို Stay at Home သတ်မှတ်
- ကျိုင်းတုံမြို့တွင် မိမိကိုယ်ကို Covid-19 သံသယရှိသူများအား Fever Clinic တွင် ပိတ်ရက်မရှိ ဩဂုတ်လ(၂၃)ရက်နေ့က စ၍ နံနက်ပိုင်းများတွင် စစ်ဆေးပေးသွားမည်
- Stay at Home သတ်မှတ်ထားသည့် ကျိုင်းတုံမြို့တွင် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဆိုင်များက လွဲ၍ ရွှေဆိုင် မှ ဖိနပ်ဆိုင်အထိ ဖွင့်လှစ်ခွင့် မရှိ
- ကျိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသည့် ရဟန်းသံဃာ(၂၅)ပါး အပါအဝင် (၈၂)ဦး ထပ်တိုးတွေ့ရှိ