တာချီလိတ်မြို့၏ အနောက်မြို့ပတ်လမ်းဘေးက လူသူအသိနည်းသည့် ရေကြီးရေလျှံမှု

တာချီလိတ်မြို့ ရီဂျီးနားအနောက်ဘက်ရှိ အနောက်မြို့ရှောင်လမ်းအနီး မင်္ဂလာဇေယျုံကျောင်းတိုက်အတွင်း အပါအဝင် အနီးဝန်းကျင်များသို့ မိုးရွာသွန်းမှုနှင့်အတူ လမ်းပေါ်က စီးဝင်လာသည့် ရွှံ့နှင့်ရေများကြောင့် ယနေ့ ဩဂုတ်လ(၁၁)ရက်နေ့ ညနေပိုင်းအထိ ရဟန်းသံဃာများနှင့်အနီးနေ ပြည်သူများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

 နှစ်စဉ်ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာများက လာရောက်ကူညီ ဆောင်ရွက်ပေးခြင်းမရှိသလို လမ်းကိုလည်း ရေစီးရေလာအတွက် စနစ်တကျ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။