တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နေ့လည်(၂)နာရီ အချိန်အထိ Covid-19 ကူးစက်ခံထားရသူ (၃၉)ဦး ထပ်တိုးတွေ့ရှိရာ (၁)လသားအရွယ် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။
ပိုးတွေ့ရသည့် (၃၉)ဦးတွင် အမျိုးသားအများအဆုံး ပါဝင်နေပြီး အသက်အငယ်ဆုံးအဖြစ် (၁)လသား ကလေးအရွယ်(၁)ဦး နှင့် အသက်ကြီးဆုံးအနေဖြင့် အသက်(၇၀)အရွယ် တစ်ဦး ပါဝင်ကြောင်း သိရသည်။
တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်လာပြီး ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အထိ Covid-19 ပိုးကူးစက်ခံထားရသူ စုစုပေါင်း (၈၆၇)ဦးရှိလာရာ စောင့်ကြည့်ကုသဆောင်များကနေ တဆင့် နေအိမ်ပြန်ခွင့်ရရှိသွားသူများမှာ (၂၁၀)ကျော်ရှိနေပြီး သေဆုံးသူမှာ (၂)ဦးအထိ ရှိနေကြောင်း သိရသည်။