ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”တောင်ပိုင်း ဝမ်ဟုတ်ဒေသတွင်းရှိ ဝမ်ဟုန်ဆေးရုံတွင် UWSA "ဝ"တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များကို စစ်တပ်က ဆေးဘက်ဆိုင်ရာသင်တန်း နှင့် မွမ်းမံသင်တန်းများကို ပို့ချပေးနေကြောင်း သိရသည်။
တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များက UWSA "ဝ"တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များကို ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၂/၂ဝ၂၁) နှင့် ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)အတွက် မွမ်းမံသင်တန်းကို ဧပြီလ(၅)ရက်နေ့က စ၍ ပို့ချပေးနေခြင်း ဖြစ်သည်။
ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ သင်တန်းဆင်းပွဲကို ၂၀၂၁ခုနှစ် မတ်လ(၁၂)ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းအတွက် မွမ်းမံသင်တန်းကို ယခုအခါမှာ ပို့ချပေးနေပြီး မွမ်းမံသင်တန်း နှင့်အတူ အမှတ်စဉ်(၂/၂ဝ၂၁)တို့ကိုပါ မေလ(၂၁)ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံအညွန်း - ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ သင်တန်းဆင်းပွဲတုန်းက ပုံများ နှင့် အမှတ်စဉ်(၂/၂ဝ၂၁)၏ ဖွင့်ပွဲ ပုံများ ဖြစ်သည်။
ဓါတ်ပုံ - CINCDS