ရန်ကုန်မြို့ လှည်းတန်းတွင် ကျည်အစစ်အသုံးပြု

လှည်းတန်းတွင် ကျည်အစစ်အသုံးပြုကာ ပစ်ခတ်ထားသည်ကို တွေ့ရပြီး ယခု ကျည်ဆံမှာ နံရံကို ထိမှန်ထားသည့် ကျည်ဖြစ်သည်။
လှည်းတန်းတွင် ကျည်အစစ်အသုံးပြုကာ ပစ်ခတ်ထားသည်ကို တွေ့ရပြီး ယခု ကျည်ဆံမှာ နံရံကို ထိမှန်ထားသည့် ကျည်ဖြစ်သည်။
ရန်ကုန်မြို့ လှည်းတန်းတွင် ကျည်အစစ်အသုံးပြု
ဖေဖော်ဝါရီ 28, 2021 | နိုင်ငံရေး

ရန်ကုန်မြို့ လှည်းတန်းတွင် နံနက်ပိုင်းက ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုများကြောင့် (၅) ထက်မနည်း ဒဏ်ရာရခဲ့ကာ သေဆုံးသူရှိသည်ဟု သိရသော်လည်း ပြည်သူလူထုက နေ့လယ်ပိုင်းတွင် ပြန်လည်စုစည်းကာ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြသည်။

လှည်းတန်းပစ်ခတ်မှုတွင် ကျည်အစစ်အသုံးပြုထားသည်များကို ပုံနှင့်တကွတွေ့ရှိနေရပြီး ဒဏ်ရာရသူများမှာ သေဆုံးသူရှိသည်ဟု သိရသည်။

လှည်းတန်းတွင် ကျည်အစစ်အသုံးပြုကာ ပစ်ခတ်ထားသည်ကို တွေ့ရပြီး ယခု ကျည်ဆံမှာ နံရံကို ထိမှန်ထားသည့် ကျည်ဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူတင်မြှောက်ထားသည့် အစိုးရကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် နိုင်ငံတဝန်းရှိ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် အလွှာပေါင်းစုံမှ ပြည်သူလူထုက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေကြသည်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင်းခြင်း၊ မတရားဖမ်းဆီးခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency