တရုတ်နိုင်ငံရဲ့ အပတ်စဉ် ဖက်ရှင်ပြပွဲ

တရုတ်နိုင်ငံရဲ့ အပတ်စဉ် ဖက်ရှင်ပြပွဲ
မတ် 28, 2015
By Tachileik News Agency

တရုတ်နိုင်ငံရဲ့ အပတ်စဉ် ဖက်ရှင်ပြပွဲ မှာတော့ အသက်(၇၉)နှစ်အရွယ်ရှိ အဘိုးအိုတစ်ဦးရဲ့ ဖက်ရှင်ဒီဇိုင်းဟာ လူပြောများစရာအဖြစ် နာမည်ကြီးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပတဲ့ အပတ်စဉ် ဖက်ရှင်ပြပွဲမှာ အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အသက်(၇၉)နှစ် အရွယ်ရှိတဲ့ အဘိုးအို ၀မ်ဒီဆွန်ဟာ အပေါ်ပိုင်း ဗလာနဲ့ ဖက်ရှင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီဇိုင်းပုံစံကို ဒီဇိုင်နာ ရှီဂန်ဟူက ပြင်ဆင်ပေးတာဖြစ်ပြီး အဖိုးအိုရဲ့ ဓါတ်ပုံတွေဟာ အွန်လိုင်းမှာ ပျံနှံ့ခဲ့တဲ့အတွက် လူထောင်ပေါင်းများစွာက အဘိုးအိုရဲ့ ခန္ဓာကိုယ်အချိုးအစားကို “ငှက်မွေး”စတိုင်လို့ ချစ်စနိုးခေါ်ဆိုကြပါတယ်။

 Tachileik Online News ( www.tachileik.net  )