စေတီပုထိုးဆိုတာ ကျွန်တော်မြန်မာနိုင်ငံရဲ့ ပုံရိပ်ပါ၊ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံ ရန်ကုန်မြစ်ဝကိုရောက်တာနဲ့ သူတို့လှမ်းမြင်လိုက်ရတဲ့ ရွှေသင်္ကန်အပြည့် စီချယ်ထားတဲ့ ရွှေတိဂုံစေတီတော်ကြီးကို လှမ်းမြင်ခဲ့ပြီး ကျွန်တော်တို့နိုင်ငံကို ရွှေနိုင်ငံ(Golden Land)လို့ခေါ်ဝေါ်ခဲ့ပါတယ်။
ရွှေနိုင်ငံလို့ခေါ်သလို ကျွန်တော်တို့နိုင်ငံမှာ နေရာအနှံအပြားမှာ အရောင်တ၀င်းဝင်းနဲ့ ရွှေသင်္ကန်းတွေနဲ့ စေတီတွေဟာ လက်ညှိထိုးမလွှဲပါဘူး။
အခုကျွန်တော်တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲရွာအနီးက ကိုးသိန်းကိုးသောင်းကိုးထောင်၊ လင်းကြည်တောင်ဆိုတဲ့ မိုင်းလင်းဆရာတော်ဘုရားကြီး ဦး( )ရဲ့ ဦးစီးဆောင်ရွက်မှု၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ထန်ဆန်းဂူ ကိုရင်လေးကျောင်းမှ တပည့်၊ သံဃာ၊ ဒါယာကာတွေရဲ့ လုပ်အားနဲ့ ကျွန်တော်တို့ တာချီလိတ်အနီးမှာ သပ္ပါယ်ဖွယ် ညဏ်တော်အမြင့်(၄၅)ပေရှိတဲ့ သီရိ...)စေတီတော်ကြီးတည်ဆောက်နေပါတယ်။
စေတီတော်ကြီးကို ၂၀၁၄ ဖေဖေါ်ဝါရီ (၂)ရက်နေ့မှ စတင်ပန္နက်ရိုက်ခဲ့ပြီး၊ ၂၀၁၅ ဖေဖေါ်ဝါရီ (၂)ရက်နေ့မှ ဟိုပုံး ကိုရင်လေးကျောင်းက တပည့်သံဃာ၊ ဒါယကာ၊ ဒါယကာ ဦးရေ(၆၀)ခန့်နဲ့ လုပ်အားပေးစေတီ ပြန်လည် တည်ဆောက်ခဲ့ရာ အခုဆို အတော်အတင့်ပြီးစီးနေပါပြီဖြစ်ပါတယ်။
စေတီကြီးရဲ့ တည်ဆောက်ခဲ့အခြေအနေကို ဦးပဉ္စင်း အရှင်ခေမာဝံသက ဒီလိုပြောပြခဲ့ပါတယ်။
စေတီတော်ကြီးရဲ့ ကုန်ကျစရိတ်ကိုတော့ ဘတ်သိန်း(၅၀)ခန့်ကုန်ကျမယ်လို့ ခန့်မှန်တွက်ချက်ထားတယ်လို့လဲသိရပါတယ်။ လုပ်အားပေးလျှက်ရှိတဲ့ သံဃာတော်နဲ့ လူပရိတ်သတ်ကိုတော့ ကျွေးမွေးစရိတ်တစ်နေ့တာ ဘတ်(၃၀၀၀)ခန့်ကုန်ကျတယ်လို့သိရပြီး သက်သက်လွတ်တာ စားသုံးတယ်လို့သိရပါတယ်။
စေတီတော်ကြီးရဲ့ အမြင့်နဲ့ လုံးပတ်ကိုတော့ စေတီတည်ဆောက်မှုမှာ တာဝန်ခံဖြစ်တဲ့ ကိုငယ်က ဒီလိုပြောခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင် မိဘပြည်သူများအနေနှင့် သာသနာတော်အတွက် တက်အားသမျှ လုပ်အားကုသိုလ်ဘဲဖြစ်ဖြစ်၊ ဒါနကုသိုလ်ဘဲဖြစ်ဖြစ် ပါဝင်နိုင်ကုသိုလ်ယူနိုင်ပါတယ်။
ဒါနကိုသိုလ်ဆိုရင်တော့ ဘိလပ်မြေနှင့် ကျောက်ကြီးများပါဝင်လှူဒါန်းနိုင်ပြီး (ဦးဆန်းရီ၊ အိမ်ဆောက်ပစ္စည်းဆိုင်မှာ စာရင်းဖွင့်လှစ်ထားပြီး တက်နိုင်သမျှ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါတယ်။ လုပ်အားဒါနတော့ဖြင့် စေတီတော်ကြီးတည်နေတဲ့ လင်းကြည်တောင်သို့ ရှုခင်းကြည့်ရင်း ကုသိုလ်ပွားများယူနိုင်ကြပါကြောင်း
တာချီလိတ်အွန်လိုင်းက တိုက်တွန်းလိုက်ပါရစေ