တာချီလိတ်၌ သင်္ကြန်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူ၏ မိသားစုများ သိရှိရန်အတွက် သင်္ဂြိုဟ်မည့်ရက်အား စောင့်ဆိုင်းထား

တာချီလိတ်၌ သင်္ကြန်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူ၏ မိသားစုများ သိရှိရန်အတွက် သင်္ဂြိုဟ်မည့်ရက်အား စောင့်ဆိုင်းထား
ဧပြီ 17, 2015
By Tachileik News Agency

တာချီလိတ်၌ သင်္ကြန်အတွင်း ယာဉ်မတော်တဆ တိမ်းမှောက်မှုနှင့် ပတ်သက်၍ သင်္ကြန်အကြတ်နေ့ ဧပြီလ(၁၅)ရက်နေ့ ညနေ(၃း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ရွာလမ်း အကွေ့၌ အမည်မသိ အမျိုးသားတစ်ဦးသည် မော်တော်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ရာမှ ဒဏ်ရာရရှိကာ သတိလစ်နေသည့်အတွက် တာချီလိတ် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသထားရှိရာမှ ည(၉း၃၀)နာရီအချိန်၌ ကွယ်လွန်သွားရာ သေဆုံးသူအား ယခုအချိန်ထိ မည်သူမည်ဝါဆိုတာ သိရှိရခြင်း မရှိသေးကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

( သေဆုံးသူ၏ မော်တော်ဆိုင်ကယ် )

သေဆုံးသူ၏ အသက်သည် (၂၅)ခန့်ရှိပြီး အမည်နှင့် နေရပ်လိပ်စာအား စုံစမ်းနေဆဲဖြစ်ကြောင်း နှင့် ကြွင်းကျန်သည့် ရုပ်အလောင်းအား ၎င်း၏ မိသားစုများ သိရှိစေရန် နှင့် စောင့်ဆိုင်းသည့် အနေဖြင့်၂၀၁၅ခုနှစ် ဧပြီလ(၁၉)ရက်နေ့မှသာ မီးသဂြို င်္ဟ်မှာဖြစ်ကြောင်း တာချီလိတ်နာရေး ကူညီမှုအသင်း ဥက္ကဌ ဦးလှမိုး၏ ပြောပြချက်အရ သိရသည်။

( သေဆုံးသူ၏ အလောင်းထားရှိရာ မဟာမြတ်မုနိဘုန်းကြီးကျောင်း )

"ကျွန်တော်တို့ အားလုံးနဲ့ တိုင်ပင်ပြီးတော့ ဒီကောင်လေးရဲ့ မိသားစုတွေလည်း သိအောင် ရက်ကို ထပ်ရွေ့ပြီး ဧပြီလ(၁၉)ရက်နေ့မှ မီးသဂြို င်္ဟ်ဖို့ သတ်မှတ်ထားပါတယ်၊ အခုလောလောဆယ်တော့ အလောင်းကို မဟာမြတ်မုနိဘုန်းကြီးကျောင်းမှာ ရေခဲအခေါင်းနဲ့ထည့်ထားပါတယ်.."ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးမှ ပြောသည်။

( ရင်ခွဲရုံအတွင်း )
( သေဆုံးသူ၏ လက်စွပ် )

သေဆုံးသူနှင့် ပတ်သက်၍ တာချီလိတ်နာရေးကူညီမှုအသင်း၏ မြန်မာဖုန်း ၀၉၃၆၀၇၅၅၀၀ နှင့် ထိုင်းဖုန်း ၀၈၀၈၉၈၉၅၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ကျန်ရစ်သူမိသားစုအား ကူညီပြီး ရှာပေးစေလိုကြောင်း ဦးလှမိုးမှ ပြောသည်။

( သေဆုံးသူ )
( သေဆုံးသူ၏ အမှတ်အသား ဆေးမှင်ကြောင် )

တာချီလိတ်တွင် သင်္ကြန်အတွင်း ယာဉ်တိုက်မှုများနှင့် ပတ်သက်၍ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ(၁၆)ရက်နေ့က ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု အပါအ၀င် နှစ်မှုသာ ရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အမျိုးသား တစ်ဦးသာရှိခဲ့ကြောင်း တာချီလိတ်ယာဉ်ထိန်းတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ဓါတ်ပုံ။   ။ တာချီလိတ်နာရေးကူညီမှုအသင်း

( သေဆုံးသူ၏ မျက်နှာအား ၎င်း၏ အသိုင်းအ၀ိုင်းမှ လွယ်ကူစွာ တွေ့မြင်ပြီး သိရှိနိုင်ရန်အတွက် ဖော်ပြလိုက်ပါသည် )

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~