ငွေကြေးရှိလာတဲ့အခါ ငွေအဖြစ်မှ ရွှေအဖြစ်သို့ စုဆောင်း သိမ်းဆည်းထားကြ လိုသူများ အနေဖြင့် ရွှေဝယ်မဲ့အခါမှာ ရွှေအရည်အသွေးမပြည့်ဝမှာစိုးရိမ်ပြီး ရွှေဆိုင်ရွေးရခက်တဲ့ အခက်အခဲတွေ ရှိနေတတ်ကြပါတယ်။
"နန်းရွှေကျင်း"အခေါက်ရွှေဆိုင်မှာ နောက်ဆုံးပေါ် ရွှေထည်၊ စိန်ထည် နဲ့ ပလက်တီနမ် ဒီဇိုင်းအမျိုးမျိုးကို ၀ယ်ယူရရှိနိုင်ပြီး ရွှေအရောင်ပြောင်းတာတွေ၊ အရောင်မှိန်တာတွေ အပြင် ရွှေအရည်အသွေး မပြည့်တာတွေ စတဲ့ စံနှုန်းများနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ကြောင်းလည်း ရွှေဝယ်သူများရဲ့ နှုတ်ဖြားမှာ စကားအလှတွေ ထွက်လေ့ရှိပါကြောင်း ကြားသိရပါတယ်။
"နန်းရွှေကျင်း"အခေါက်ရွှေဆိုင်မှာ ရွှေထည်ဝယ်ယူသူများအတွက် အထူးအခွင့်အရေး အနေနဲ့ ရွှေထည်၊ စိန်ထည်ဝယ်ယူပြီး (၃)လအတွင်းမှာ မိမိတို့ ၀ယ်ယူလိုက်တဲ့ ရွှေ/စိန် ဖုန်မှုန့်၊ သဲမှုန် နဲ့ သနပ်ခါးတို့ရောင် ညစ်နွမ်းနေရင် အခမဲ့ တစ်ကြိမ် ဆေးကြောပေးမှာဖြစ်ပြီး ဆွဲကြိုး၊ ဟမ်းချိန်းတွေမှာ မတော်တဆ ကြိုးပြတ်၊ အဆစ်ပြုတ်တာတွေဖြစ်ရင်လည်း အခမဲ့ တစ်ကြိမ် ပြန်ဆက်ပေးပါတယ်လို့ နန်းရွှေကျင်း အခေါက်ရွှေဆိုင် ပိုင်ရှင်ရဲ့ ပြောပြချက်အရလည်း သိရပါတယ်။
တာချီလိတ်မြို့ထဲကို ရောက်လို့ နန်းရွှေကျင်း အခေါက်ရွှေဆိုင်မှာ ရွှေထည် စိန်ထည် ရတနာပစ္စည်းတွေကို ၀ယ်မယ်ဆိုရင်တော့ နန်းရွှေကျင်း အခေါက်ရွှေဆိုင် (၁) အဖြစ် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးမှာ ဖွင့်လှစ်ထားပါတယ်။
မြို့တွင်းမကျတကျဖြစ်တဲ့ တာချီလိတ်မြို့ ပါလျှံ(၃)ဈေးအနီး၊ ဗိုလ်ချုပ်လမ်းမဘေးမှာလည်း နန်းရွှေကျင်း အခေါက်ရွှေဆိုင်(၂)အဖြစ် ဖွင့်လှစ်ထားတာဖြစ်တဲ့ အတွက်ကြောင့် ဆိုင်(၁) မှာ ၀ယ်ဝယ် ဆိုင်(၂)မှာ ၀ယ်ဝယ် ၀ယ်ယူသူ စိတ်တိုင်းကျ ရောင်းချပေးနေပြီး ဈေးနှုန်းကိုလည်း မှန်မှန်ကန်ကန်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။