ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် တာချီလိတ်၌ ကျင်းပပြုလုပ်မည့် Miss Tachileik 2016 ပြိုင်ပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်ရှိ ရွှေဘူးသီးဟိုတယ်ရှိ မင်္ဂလာခန်းမ၌ ဖေဖော်ဝါရီလ(၆)ရက် နံနက်(၁၀)နာရီ တိတိတွင် ပြိုင်ပွဲနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ရာ မည်သူမဆို တက်ရောက်နိုင်မှာဖြစ်ကြောင်း သိရသည်။
"လတ်တလောမှာ စာရင်းပေးထားတာ (၁၂)ဦး ရှိပါတယ်၊ စတင်လေ့ကျင့်မှုကိုတော့ ဖေဖော်ဝါရီလ(၈)ရက်နေ့မှာ စတင်မှာပါ၊ စာနယ်ဇင်း ရှင်းလင်းပွဲကိုလည်း မည်သူမဆို တက်ရောက်နိုင်ပါတယ်၊ ပြိုင်ပွဲဝင်ဖို့ စာရင်းမပေးထားသူများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲမှာ လာရောက်ပြီး စာရင်းပေးလို့ရပါတယ်"ဟု Miss Tachileik 2016၏ City director မကြည်ကြည်ခိုင်က ပြောသည်။
ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသော Miss များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများနှင့် လေ့လာသူများမှ စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်ကြမှာဖြစ်သည့်အတွက် ဖိတ်စာမရရှိသော်လည်း မည်သူမဆို လာရောက်နိုင်ကြောင်း သိရသည်။