တာခ်ီလိတ္၊ ဇြန္လ(၁၁)
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၆ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ခ်က္ ရာခိုင္ႏႈန္းမွာ (၁၅.၆၀)ရာခိုင္ႏႈန္းရွိၿပီး ယမန္ႏွစ္ထက္ ေအာင္ခ်က္ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ စာစစ္ဌာန(၂)ခုတြင္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုသူ (၈၂၀)ဦးအနက္ ေအာင္ျမင္သူ (၁၂၈)ဦးရိွၿပီး ၂၀၁၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုသူ (၈၂၄)ဦးအနက္ (၁၆၅)ဦး ေအာင္ျမင္ခဲ့ရာ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ (၂၀.၀၂) ရာခိုင္ႏႈန္းရွိခဲ့ျခင္းျဖစ္သည္။
“ေအာင္ခ်က္ကေတာ့ မႏွစ္ကထက္ က်သြားတယ္။ စာစစ္ဌာန ႏွစ္ခုေပါင္းတာမွ (၁၂၈)ဦးပဲ ေအာင္ျမင္တယ္။ မႏွစ္ကထက္ (၅၀)ဦးေလာက္ ကြာသြားတယ္။ (၄)ဘာသာ ဂုဏ္ထူးတစ္ဦးႏွင့္ (၃)ဘာသာ ၊(၂)ဘာသာ ၊ (၁)ဘာသာ ဂုဏ္ထူးေတြ ပါတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ပညာေရးမွဴးရုံးမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕နယ္တြင္ စာစစ္ဌာန(၂)ခုရွိရာတြင္ အထက(တာခ်ီလိတ္)၊ အထက(ဆန္ဆိုင္း)၊ အထက(ေဟာင္လိတ္)၊ အထက(မိုုင္းကိုး)၊ အထက(တာေလ)၊ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္း၊ ပညာကမာၻကိုယ္ပိုင္အထက္တန္းေက်ာင္း ႏွင့္ အျပင္ေျဖ အပါအ၀င္ျဖစ္ရာ တာခ်ီလိတ္ၿမိဳ႕ စာစစ္ဌာန(၁)တြင္ (၇၀၇)ဦးေျဖဆိုသည့္အနက္ (၁၀၂)ဦးေအာင္ျမင္ၿပီး တာေလၿမိဳ႕ စာစစ္ဌာန(၂)တြင္ (၁၁၃)ဦးေျဖဆိုရာ (၂၆)ဦး ေအာင္ျမင္ေၾကာင္း သိရသည္။
ျမန္မာတစ္ႏိုင္ငံလုံးရွိ တိုင္းေဒသႀကီး ၊ ျပည္နယ္မ်ားႏွင့္ ႏုိင္ငံျခားစာစစ္ဌာနမ်ားတြင္ ၂၀၁၆ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုသူစုစုေပါင္း (၆၃၆,၂၃၇)ဦးရွိသည့္အနက္ (၁၉၀,၃၈၈)ဦးေအာင္ျမင္ခဲ့ကာ ေအာင္ခ်က္(၂၉.၉၂)ရာခိုင္ႏႈန္းရိွေၾကာင္း သိရသည္။
သတင္း။ ။ ေဇာင္းညီ
...................
တာချီလိတ်၊ ဇွန်လ(၁၁)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ (၁၅.၆၀)ရာခိုင်နှုန်းရှိပြီး ယမန်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။
တာချီလိတ်မြို့ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၈၂၀)ဦးအနက် အောင်မြင်သူ (၁၂၈)ဦးရှိပြီး ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ (၈၂၄)ဦးအနက် (၁၆၅)ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်းမှာ (၂၀.ဝ၂) ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်သည်။
“အောင်ချက်ကတော့ မနှစ်ကထက် ကျသွားတယ်။ စာစစ်ဌာန နှစ်ခုပေါင်းတာမှ (၁၂၈)ဦးပဲ အောင်မြင်တယ်။ မနှစ်ကထက် (၅၀)ဦးလောက် ကွာသွားတယ်။ (၄)ဘာသာ ဂုဏ်ထူးတစ်ဦးနှင့် (၃)ဘာသာ၊(၂)ဘာသာ၊ (၁)ဘာသာ ဂုဏ်ထူးတွေ ပါတယ်။”ဟု တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့နယ်တွင် စာစစ်ဌာန(၂)ခုရှိရာတွင် အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်)၊ အထက(မိုင်းကိုး)၊ အထက(တာလေ)၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာကမာ္ဘကိုယ်ပိုင်အထက်တန်းကျောင်း နှင့် အပြင်ဖြေ အပါအဝင်ဖြစ်ရာ တာချီလိတ်မြို့ စာစစ်ဌာန(၁)တွင် (၇၀၇)ဦးဖြေဆိုသည့်အနက် (၁၀၂)ဦးအောင်မြင်ပြီး တာလမြေို့ စာစစ်ဌာန(၂)တွင် (၁၁၃)ဦးဖြေဆိုရာ (၂၆)ဦး အောင်မြင်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူစုစုပေါင်း (၆၃၆,၂၃၇)ဦးရှိသည့်အနက် (၁၉၀,၃၈၈)ဦးအောင်မြင်ခဲ့ကာ အောင်ချက်(၂၉.၉၂)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သတင်း။ ဇောင်းညီ