တာခ်ီလိတ္၊ ဇြန္လ(၁၇)
တာခ်ီလိတ္ၿမိဳ႕ ေရႊဖူးပြင့္ ၀န္ေဆာင္မႈသင္တန္းေက်ာင္းမွ က်င္းပေသာ လူထုဆက္ဆံေရးမဟာဗ်ဴဟာ (Public Relation Strategy) အား Myanmar Leadership & Management Institute ေက်ာင္းမွ ပါေမာကၡ ဦးေအးေက်ာ္က ပလက္တီနမ္စတားဟိုတယ္ ေရႊဖူးပြင့္ သင္တန္းခန္းမတြင္ ယေန႔ ဇြန္လ(၁၇)ရက္ေန႔ ညေနပိုင္းတြင္ ေဟာေျပာခဲ့ေၾကာင္း သိရသည္။
ေဟာေျပာပြဲတြင္ လူထုဆက္ဆံေရးပညာႏွင့္ ပတ္သက္ေသာ ႏိုင္ငံတကာနည္းစနစ္မ်ားအား ေဟာေျပာခဲ့ေၾကာင္း သိရသည္။
ေဟာေျပာပြဲသို႔ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီိလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေေက်ာ္ကိုထိုက္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမွ တာ၀န္ရွိသူမ်ား၊ ဟိုတယ္လုပ္ငန္းရွင္မ်ား၊ ေဒသခံ လူငယ္မ်ားတက္ေရာက္ နားေထာင္ခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ဇြန္လ(၁၈)ရက္ေန႔မွ ဇြန္လ(၁၉)ရက္ေန႔အထိ နံနက္(၉)နာရီမွ ညေန(၅)နာရီအခ်ိန္အထိ ပလက္တီနမ္စတားဟိုတယ္ရွိ ေရႊဖူးပြင့္ သင္တန္းခန္းမ၌ပင္ ႏိုင္ငံတကာတြင္ က်င့္သံုးေသာ "လူ႕စြမ္းအားအရင္းအျမစ္ စီမံခန္႔ခြဲျခင္းပညာ ကြ်မ္းက်င္မႈ သင္တန္း"အား ပါေမာကၡ ဦးေအးေက်ာ္ကိုယ္တိုင္ သင္ၾကားပို႔ခ်ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။
ဓာတ္ပံု။ ။ #ေဇာင္းညီ
......................
တာချီလိတ်၊ ဇွန်လ(၁၇)
တာချီလိတ်မြို့ ရွှေဖူးပွင့် ဝန်ဆောင်မှုသင်တန်းကျောင်းမှ ကျင်းပသော လူထုဆက်ဆံရေးမဟာဗျူဟာ (Public Relation Strategy) အား Myanmar Leadership & Management Institute ကျောင်းမှ ပါမောက္ခ ဦးအေးကျော်က ပလက်တီနမ်စတားဟိုတယ် ရွှေဖူးပွင့် သင်တန်းခန်းမတွင် ယနေ့ ဇွန်လ(၁၇)ရက်နေ့ ညနေပိုင်းတွင် ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လူထုဆက်ဆံရေးပညာနှင့် ပတ်သက်သော နိုင်ငံတကာနည်းစနစ်များအား ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချိီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဒေသခံ လူငယ်များတက်ရောက် နားထောင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဇွန်လ(၁၈)ရက်နေ့မှ ဇွန်လ(၁၉)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်အထိ ပလက်တီနမ်စတားဟိုတယ်ရှိ ရွှေဖူးပွင့် သင်တန်းခန်းမ၌ပင် နိုင်ငံတကာတွင် ကျင့်သုံးသော "လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲခြင်းပညာ ကျွမ်းကျင်မှု သင်တန်း"အား ပါမောက္ခ ဦးအေးကျော်ကိုယ်တိုင် သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ။ #ဇောင်းညီ