မိုင်းဖြတ်၊ ဇွန်လ (၂၂) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာ နတ်ကွန်းတွင် ဇွန်လ (၂၂) ရက် နေ့လည်က မိုင်းဖြတ်မြို့နယ် ရှမ်းတိုင်းရင်းသားရိုးရာ နတ်ပူဇော်ပွဲပြုလုပ်ကြကြောင်း သိရပါတယ်။
“ရည်ရွယ်ချက်ကတော့ ကျန်းမာရေး၊ စီးပွားရေးကောင်းအောင် ဆုတောင်းကြတာပါ။ လယ်ယာမြေတွေမှာ ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းအောင် အနှောင့်အယှက်မရှိအောင် ဆုတောင်းကြတာဖြစ်ပါတယ်။ နတ်ကို ပူဇော်ပသပြီးတော့ မိတ်ဆွေအချင်းချင်း၊ မိသားစုအချင်းချင်း ဝိုင်းဖွဲ့စားသောက်ပြီး ညနေကျမှ အိမ်ပြန်ကြပါတယ် " လို့ ဦးအိုက်ကျိုင်းက ပြောပါတယ်။
အဆိုပါပွဲမှာ ရှမ်းတိုင်းရင်းသားများ၏ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး အသားစိမ်း၊ ကောက်ညှင်းထုပ်မုန့်များဖြင့် နတ်ပူဇော်ပသကာ လယ်ယာသုံးပစ္စည်းများကို နတ်ကွန်းသို့ ယူဆောင်လာကြခြင်းဖြစ်ကြောင်း သိရပါတယ်။
...............