ဘာသာျပန္၊ ဇြန္လ(၂၆)
တရုတ္ႏုိင္ငံ ဆိပ္ကမ္းၿမိဳ႕ေတာ္ တီရင္က်န္းက လမ္းမေပၚထြက္လာတဲ့ ဆိုလာကားပံုစံေၾကာင့္ လူေတြ တအံ့တၾသျဖစ္ခဲ့ၾကရပါတယ္။
အမိုးနဲ႔ေဘးပတ္လည္မွာ ဆိုလာျပားေတြ ကပ္ထားတာေၾကာင့္ ပံုစံမက်တဲ့ ထရပ္ကားပံုစံ ဆိုလာကားရဲ႕ ဓါတ္ပံုကို ဇြန္လ (၂၂) ရက္က ရိုက္ကူးခဲ့တာျဖစ္ပါတယ္။
ဒီကားကို တီထြင္သူက ဘယ္ေလာက္အထိ ေမွ်ာ္မွန္းတီထြင္ထားမွန္းမသိေပမဲ့ ကားကို ေနပူထဲရပ္ထားတာနဲ႔ ကားေမာင္းဖို႔ စြမ္းအင္ျဖည့္ၿပီးသားျဖစ္သြားမွာေတာ့ ေသခ်ာပါတယ္။
ကားတီထြင္သူ စိတ္ကူးေကာင္းတယ္လို႔ လူေတြက ခ်ီးမြမ္းေနၾကေပမဲ့ ဒီလိုပံုစံနဲ႔ လမ္းေပၚေမာင္းလာ တာကေတာ့ အေရးယူခံရဖြယ္ ရိွေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကားမွာ လိုင္စင္လည္း ပါမလာတာေၾကာင့္ပါ။
“ဒီလိုတီထြင္ဥာဏ္မ်ိဳးကို ေလွာင္ေျပာင္တာေတြ မလုပ္သင့္ပါဘူး။ ခ်ီးက်ဳးဂုဏ္ျပဳသင့္ပါတယ္”လို႔ ေဒသခံတစ္ဦးကေတာ့ မွတ္ခ်က္ျပဳပါတယ္။
“ေဒသအာဏာပိုင္ေတြနဲ႔ ယာဥ္စည္းကမ္းထိန္းသိမ္းေရးရဲေတြ လာေနၿပီ”လို႔ ေဒသခံတစ္ဦးကေတာ့ ဆိုပါတယ္။
တယ္လ္ဆာကားကုမၸဏီက ရွန္ဟိုင္းမွာ အိမ္တြင္းထုတ္လွ်ပ္စစ္ယာဥ္ေတြထုတ္လုပ္ေရးကို အေမရိကန္ေဒၚလာ ၉ ဘီလီယံေလာက္ ရင္းႏွီးျမႇဳပ္ႏွံဖို႔ စိတ္အားထက္သန္ေနတယ္လို႔ ေကာလဟာလေတြလည္း ထြက္ေပၚေနတာျဖစ္ပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; shanghaiist.com, news.163.com
...............
ဘာသာပြန်၊ ဇွန်လ(၂၆)
တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့တော် တီရင်ကျန်းက လမ်းမပေါ်ထွက်လာတဲ့ ဆိုလာကားပုံစံကြောင့် လူတွေ တအံ့တသြဖြစ်ခဲ့ကြရပါတယ်။
အမိုးနဲ့ဘေးပတ်လည်မှာ ဆိုလာပြားတွေ ကပ်ထားတာကြောင့် ပုံစံမကျတဲ့ ထရပ်ကားပုံစံ ဆိုလာကားရဲ့ ဓာတ်ပုံကို ဇွန်လ (၂၂) ရက်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဒီကားကို တီထွင်သူက ဘယ်လောက်အထိ မျှော်မှန်းတီထွင်ထားမှန်းမသိပေမဲ့ ကားကို နေပူထဲရပ်ထားတာနဲ့ ကားမောင်းဖို့ စွမ်းအင်ဖြည့်ပြီးသားဖြစ်သွားမှာတော့ သေချာပါတယ်။
ကားတီထွင်သူ စိတ်ကူးကောင်းတယ်လို့ လူတွေက ချီးမွမ်းနကြေပေမဲ့ ဒီလိုပုံစံနဲ့ လမ်းပေါ်မောင်းလာ တာကတော့ အရေးယူခံရဖွယ် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားမှာ လိုင်စင်လည်း ပါမလာတာကြောင့်ပါ။
“ဒီလိုတီထွင်ဉါဏ်မျိုးကို လှောင်ပြောင်တာတွေ မလုပ်သင့်ပါဘူး။ ချီးကျုးဂုဏ်ပြုသင့်ပါတယ်”လို့ ဒေသခံတစ်ဦးကတော့ မှတ်ချက်ပြုပါတယ်။
“ဒေသအာဏာပိုင်တွေနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတွေ လာနပြေီ”လို့ ဒေသခံတစ်ဦးကတော့ ဆိုပါတယ်။
တယ်လ်ဆာကားကုမ္ပဏီက ရှန်ဟိုင်းမှာ အိမ်တွင်းထုတ်လျှပ်စစ်ယာဉ်တွေထုတ်လုပ်ရေးကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေတယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; shanghaiist.com, news.163.com