ဇောင်းညီ - Tachileik News Agency
တာချီလိတ် ၊ ဇူလိုင်လ (၂) ရက်
တာချီလိတ်မြို့ ထိုင်းရွှေဈေးကွက်တွင် ဇွန်လ (၂၄)ရက်နေ့မှ စ၍ ဈေးမြင့်လာခဲ့သော်လည်း ဇွန်လ (၂၉)ရက်နေ့တွင် ထိုင်းရွှေ (၁)ဘတ်သားကို (၂၂၀၀၀)ဘတ်ဖြင့် ဈေးနှုန်း ရုတ်တရက် ပြန်ကျလာကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးအတက်ကြောင့် တာချီလိတ်ရွှေဈေးကွက်မှာ ဇွန်လ (၂၄)ရက်မှ (၂၇)ရက်နေ့တွင် ရွှေတစ်ဘတ်သားကို ဘတ်(၂၂,၁၇၅) မှ (၂၂,၅၀၀)ဘတ်အထိ အမြင့်ဆုံးဈေးဖြစ်ခဲ့ပြီး ဇွန်လ (၂၉)ရက်တွင် ( ၂၂၀၀၀)ဘတ်ဖြင့် ပြန်ကျလာခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီလထဲမှာတော့ အရောင်းအ၀ယ်ဆိုရင် ၀ယ်သူထက် ပြန်ရောင်းတဲ့သူက များလာတယ်။ ရွှေဈေးက ပြန်တက်မယ် ပြန်ကျမယ်ဆိုတာတော့ ခန့်မှန်းလို့မရဘူး ကမ္ဘာ့ရွှေဈေး အလိုက်ပြောင်းလဲနေတာပါ။” ဟု နန်းရွှေကျင်းရွှေဆိုင်မှ ကိုဖြိုးခွန်နောင်က ပြောသည်။
ထိုင်းနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့ရွှေဈေးကွက်တွင် ထိုင်းရွှေကိုသာ အဓိက အရောင်းအ၀ယ်လုပ်ကြခြင်းဖြစ်ပြီး ထိုင်းရွှေတစ်ဘတ်သားမှာ (၁၅.၂၂)ဂရမ်ရှိကာ မြန်မာရွှေတစ်ကျပ်သားမှာ (၁၆.၆၂)ဂရမ်ရှိတာကြောင့် မြန်မာရွှေနှင့် ထိုင်းရွှေ ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိခြင်းဖြစ်သည်။