ကယားပြည်နယ် လွိုင်ကော်ခရိုင်းအတွင်းရှိ ဈေးဆိုင်များတွင် တွေ့ရှိ သိမ်းဆည်းရမိသည့် သက်တမ်းလွန် နှင့် စားသုံးရန် မသင့်သော စားသောက်ကုန်များကို မေလ(၁၆)ရက်နေ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း ၂၀၁၇ မှ ၂၀၁၈ခုနှစ်ထိ သက်တမ်းလွန်နှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအား (၅)ကြိမ်မြောက် ဖျက်ဆီးခဲ့ပြီ ဖြစ်ပြီး ကယားပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့် လွိုင်ကော်မြို့နယ် အတွင်းရှိ ဈေးဆိုင်များ နှင့် ဈေးများတွင် သက်တမ်းလွန် အစားအစာများ အပါအ၀င် တားမြစ်ထားသောစားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပညာပေး ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
လွိုင်ကော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနက ခရိုင်အတွင်း စစ်ဆေးသိမ်းဆည်းရမိသည့် သက်တမ်းလွန် နှင့် စားသုံးရန် မသင့်သော စားသောက်ကုန်များအား ၂၀၁၈ခုနှစ် မေလ(၁၆)ရက်နေ့က လွိုင်ကော်မြို့ရှိ လေးမိုင် အမှိုက်ကျင်းတွင် မီးရှိုးဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
သိမ်းဆည်းရမိခဲ့သည့် စားသောက်ကုန်အမျိုးအစား (၃၅)မျိုးတွင် သက်တမ်းလွန်ပစ္စည်း အမျိုးအစား (၃၁)မျိုး အထိ ပါဝင်ပြီး၊ စားသုံးရန်မသင့်သည့် တားမြစ် ကုန်ပစ္စည်းများတွင် ငရုပ်သီးမှုန့်၊ ရောင်စုံပိုက်လုံးမုန့် နှင့် အချိုရည်များ ပါဝင်ပြီး မီးရှို့ဖျက်ဆီးလိုက်သည့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၂၈၉,၆၅၀)တန်ဖိုးရှိကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း ၂၀၁၇ မှ ၂၀၁၈ခုနှစ်ထိ သက်တမ်းလွန်နှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအား (၅)ကြိမ်မြောက် ဖျက်ဆီးခဲ့ပြီ ဖြစ်ပြီး ကယားပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန အနဖြေင့် လွိုင်ကော်မြို့နယ် အတွင်းရှိ ဈေးဆိုင်များ နှင့် ဈေးများတွင် သက်တမ်းလွန် အစားအစာများ အပါအဝင် တားမြစ်ထားသောစားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပညာပေး ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - စားသုံးသူရေးရာ