လားရှိုးမြို့နယ်အတွင်း လားရှိုး - နမ္မတူလမ်းပိုင်း (၂)နေရာမှာ (၃)ပေခွဲအထိ ရေနစ်မြုပ်နေတာကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားရပေမဲ့ ရှောင်ကွင်းသွားရမဲ့ နေရာမှာ တိုက်ပွဲဖြစ်နေတာကြောင့် ရေနစ်မြှုပ်နေတဲ့နေရာကနေပဲ လူတွေ နဲ့ ဆိုင်ကယ်တွေဟာ တပ်နယ်ခံတပ်၊ မီးသတ်တပ်ဖွဲ့ နဲ့ လူမှုရေးအသင်းအဖွဲ့များရဲ့ အကူအညီနဲ့ သွားလာနေရတာကို ၂၀၁၈ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့မှာ တွေ့မြင်ရပါတယ်။
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - နေဖြိုးမြင့်