စီးပြားျဖစ္ ထုတ္လုပ္ေရာင္းခ်ႏုိင္သည္ အထိ သင္ၾကားေပးမည္ျဖစ္သည့္ အျပင္ လုပ္ငန္းထူေထာင္ရန္ လိုအပ္သည့္ အႀကံဥာဏ္ႏွင့္ ကူညီပံ့ပိုးမႈမ်ားေပးမည့္ တန္ဖိုးျမႇင့္ စားေသာက္ကုန္ထုတ္လုပ္မႈ နည္းပညာ သင္တန္းကို ေတာင္ႀကီးၿမိဳ႕တြင္ အခမဲ့ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၂)ရက္ေန႔မွ (၂၁)ရက္ေန႔အထိ ေန႔စဥ္ နံနက္(၉)နာရီခြဲမွ ညေန (၄)နာရီခြဲအထိ ေတာင္ႀကီးၿမိဳ႕၊ အေရွ႕ၿမိဳ႕ပတ္လမ္း၊ ေရေအးကြင္းရပ္ကြက္ရိွ ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္းတြင္ ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက ဖြင့္လွစ္ သြားမည္ျဖစ္ၿပီး သင္တန္းသား(၂၀)ဦးသာ လက္ခံမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းတြင္ ဂ်ံဳ၊ ဆန္ျဖင့္ ျပဳလုပ္ေသာ ကိတ္မ်ိဳးစံု၊ ကြတ္ကီးအမ်ိဳးမ်ိဳး၊ နန္ကထုိင္၊ လွ်ာေပၚဝဲ၊ ငါးမုန္႔ေျခာက္၊ ၾကက္သြန္ေပါင္းေၾကာ္၊ တို႔ဟူးေပါင္းေၾကာ္မ်ား ထုတ္လုပ္ျခင္းႏွင့္ သစ္သီးေဖ်ာ္ရည္မ်ိဳးစံု၊ သစ္သီးယိုမ်ိဳးစံုႏွင့္ သစ္သီးဝိုင္၊ သစ္သီးေဆာ့(စ္)ျပဳလုပ္နည္းမ်ားကို ရွမ္းျပည္နယ္အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ ကၽြမ္းက်င္နည္းျပမ်ားကိုယ္တုိင္ သင္ၾကားပို႔ခ်ေပးမည္ျဖစ္ေၾကာင္း သိရၿပီး သင္တန္းဆင္းလက္မွတ္လည္း ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သင္တန္းေလွ်ာက္ထားလိုသူမ်ား အေနျဖင့္ ၀၈၁ ၂၀၆၈၂၉၊ ၀၉ ၄၂၀၇၃၀၁၃၀၊ ၀၉ ၄၂၀၇၂၀၁၅၉၉၊ ၀၈၁ ၂၁၂၁၆၁၄ တို႔သို႔ ဆက္သြယ္ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။
Tachileik News Agency
အဆိုပါ သင်တန်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးသာ လက်ခံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဂျုံ၊ ဆန်ဖြင့် ပြုလုပ်သော ကိတ်မျိုးစုံ၊ ကွတ်ကီးအမျိုးမျိုး၊ နန်ကထိုင်၊ လျှာပေါ်ဝဲ၊ ငါးမုန့်ခြောက်၊ ကြက်သွန်ပေါင်းကြော်၊ တို့ဟူးပေါင်းကြော်များ ထုတ်လုပ်ခြင်းနှင့် သစ်သီးဖျော်ရည်မျိုးစုံ၊ သစ်သီးယိုမျိုးစုံနှင့် သစ်သီးဝိုင်၊ သစ်သီးဆော့(စ်)ပြုလုပ်နည်းများကို ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများကိုယ်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရပြီး သင်တန်းဆင်းလက်မှတ်လည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းလျှောက်ထားလိုသူများ အနဖြေင့် ဝ၈၁ ၂၀၆၈၂၉၊ ဝ၉ ၄၂၀၇၃၀၁၃၀၊ ဝ၉ ၄၂၀၇၂၀၁၅၉၉၊ ဝ၈၁ ၂၁၂၁၆၁၄ တို့သို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။
Tachileik News Agency