ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခုံၿမိဳ႕နယ္တြင္ ဒုတိယေျမာက္ႏွစ္အျဖစ္ ငေျမွာင္ေတာင္ပိုးက်ေနရာ ၂၀၁၉ ခုႏွစ္၊ ဇြန္လအထိ ေျပာင္းစိုက္ခင္းဧက(၁၀၀)ေက်ာ္တြင္ ဖ်က္ပိုးမ်ားေတြ႔ေနရေၾကာင္း သိရသည္။
“အရင္ႏွစ္ကက်ခဲ့တယ္။ ဒီငေျမွာင္ေတာင္ပိုးက ဒီႏွစ္မွာလည္းဆက္က်မယ္လို႔ သုံးသပ္ထားတယ္။ အခု ေတာ့ စက်ေနၿပီေပါ့။ အရင္ႏွစ္ကက်ခဲ့တဲ့စိုက္ကြင္းနဲ႔ သိပ္မေဝးဘူး။ တစ္ခ်ိဳ႕ေတာင္သူေတြက ပိုးက်လို႔က်မွန္းမသိဘူး။ ပိုးကိုက္ေနတာေတြ႕တယ္ ပိုးကိုမေတြ႕ဘူးေပါ့။ ကၽြန္မတို႔က စိုက္ခင္းေတြကို ေတာက္ေလွ်ာက္ ကြင္းဆင္း စစ္ေဆးတဲ့အခါမွာ ပိုးက်မွန္းေတြ႕တယ္။ ေညာင္ပင္သာဖက္ဆို အရင္ႏွစ္ကလုံးဝ မက်ခဲ့ဘူး။ အေကာင္းဆုံးစိုက္ကြင္းျဖစ္ခဲ့တယ္။ ဒီႏွစ္မွ လာက်တာေပါ့။ ေလာေလာဆယ္မွာ ေဆးဖ်န္းဖို႔ကိုေဆးေပးထားတယ္။ က်န္တာကို ဆက္ၿပီး စစ္ေဆး ေစာင့္ၾကည့္ရမယ္”ဟု စိုက္ပ်ိဳးေရးဦးစီးဌာနမွ ဖယ္ခံုၿမိဳ႕နယ္ဦးစီးမွဴးေဒၚသင္းသင္းထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လက္ရွိတြင္ ဖယ္ခုံၿမိဳ႕နယ္အတြင္း ဟိန္ဓမၼရပ္ကြက္အနီးရွိ ဧလာကြင္းစိုက္ကြင္းတြင္ ဧက(၇၀) ေက်ာ္ နီးပါး FAW ငေျမွာင္ေတာင္ပိုးမ်ားက်ေရာက္ေနၿပီး ေနာင္လိုင္ႏွင့္ ကုရင္ေက်းရြာ လမ္းတစ္ေလွ်ာက္ ႏွင့္ေညာင္ပင္သာကြင္းမ်ားတြင္ ငေျမွာင္ေတာင္ဖ်က္ပိုးငယ္မ်ား စတင္ က်ေရာက္ေနေၾကာင္း သိရသည္။
“ ကၽြန္မရဲ႕ အခင္းကမ်ိဳးေစ့ ၊ ေျမၾသဇာဖိုး ၊ အလုပ္သမားခ အကုန္ႏွစ္သိန္းကုန္ထားတယ္။ ပိုးက်တယ္ဆိုတာ မသိဘူး။ ၾကားေတာ့ ၾကားဖူးတယ္။အခက္ခဲေတာ့ ျဖစ္လာမွာပဲ။ အပင္လည္း မေကာင္းေတာ့ဘူး။ အသီးလည္းေကာင္းခ်င္မွေကာင္းေတာ့မယ္ ” ဟု ေညာင္ပင္သာေက်းရြာမွ ေတာင္သူ ေဒၚေငးဇက္ကေျပာသည္။
ဖယ္ခုံၿမိဳ႕နယ္တြင္လည္း Faw ငေျမွာင္ေတာင္ဖ်က္ပိုးက်ေရာက္ခဲ့ေသာ္လည္း ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဌာနႏွင့္ ေတာင္သူမ်ားပူးေပါင္းၿပီး ကာကြယ္ေရးလုပ္ေဆာင္ခဲ့သျဖင့္ (၈) ဧကနီးပါးသာပ်က္ဆီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
“ကၽြန္မတို႔ သႀကၤန္မတိုင္မီ ေတာင္သူေတြ စိုက္ပ်ိဳးဖို႕ ျပင္ဆင္ေနၾကတဲ့ခ်ိန္ကတည္းက အသိပညာေပးတာေတြ လိုက္လုပ္တယ္။ ႀကိဳတင္ကာကြယ္ဖို႕ျပင္ဆင္ရမွာေတြ ျပင္ဆင္ဖို႕ေပါ့။ ရြာေတြေရာ၊ ေဈးထဲမွာလည္းလာတဲ့ေတာင္သူေတြကို ပညာေပးတာေတြ လုပ္ေပးတယ္။ သူတို႕က ဒီပိုးနဲ႔ပတ္သက္ၿပီး အသိပညာအားနည္းတယ္။ ေလာေလာဆယ္ ဧကတစ္ရာနီးပါး ပိုးက်တယ္။ ပ်က္ဆီးဆုံးရႈံးတာေတြ ဘာေတြက်ေတာ့ ကၽြန္မတို႕ ေဒတာေတြမလုပ္ရေသးေတာ့မသိေသးဘူး။ မိုးလည္း ေတာက္ေလွ်ာက္ရြာေနေတာ့ ေလာေလာဆယ္ပိုးက်တဲ့ေနရာေတြကို လိုက္စစ္ေဆးတယ္ ေဆးျဖန္းဖို႕ေျပာျပထားတယ္ ”ဟု စိုက္ပ်ိဳးေရးဦးစီးဌာနမွ ဖယ္ခံုၿမိဳ႕နယ္ဦးစီးမွဴးေဒၚသင္းသင္းထက္က ေျပာသည္။
ယခင္ႏွစ္တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ FAWငေျမွာင္ေတာင္ဖ်က္ပိုးမ်ား ဆိုးဆိုးရြားရြားက်ခဲ့ၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္တြင္လည္း ငေျမွာင္ေတာင္ဖ်က္ပိုးက်ေရာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ငေျမႇာင္ေတာင္ပိုးမွာ စိုက္ခင္းမ်ားကို ဖ်က္ဆီးႏုိင္စြမ္း အျမင့္ဆံုးဖ်က္ပိုးမ်ားျဖစ္ၿပီး ငေျမႇာင္ေတာင္ဖလံမ်ားသည္ တစ္ညလွ်င္ မုိင္(၆၀)ေက်ာ္အထိ ပ်ံသန္းႏုိင္ကာ ဖလံအမတစ္ေကာင္လွ်င္ ဥေပါင္း (၁၀၀)မွ (၁၅၀)ေက်ာ္အထိ ဥခ်ႏုိင္ေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း
“အရင်နှစ်ကကျခဲ့တယ်။ ဒီငမြှောင်တောင်ပိုးက ဒီနှစ်မှာလည်းဆက်ကျမယ်လို့ သုံးသပ်ထားတယ်။ အခု တော့ စကျနပြေီပေါ့။ အရင်နှစ်ကကျခဲ့တဲ့စိုက်ကွင်းနဲ့ သိပ်မဝေးဘူး။ တစ်ချို့တောင်သူတွေက ပိုးကျလို့ကျမှန်းမသိဘူး။ ပိုးကိုက်နေတာတွေ့တယ် ပိုးကိုမတွေ့ဘူးပေါ့။ ကျွန်မတို့က စိုက်ခင်းတွေကို တောက်လျှောက် ကွင်းဆင်း စစ်ဆေးတဲ့အခါမှာ ပိုးကျမှန်းတွေ့တယ်။ ညောင်ပင်သာဖက်ဆို အရင်နှစ်ကလုံးဝ မကျခဲ့ဘူး။ အကောင်းဆုံးစိုက်ကွင်းဖြစ်ခဲ့တယ်။ ဒီနှစ်မှ လာကျတာပေါ့။ လောလောဆယ်မှာ ဆေးဖျန်းဖို့ကိုဆေးပေးထားတယ်။ ကျန်တာကို ဆက်ပြီး စစ်ဆေး စောင့်ကြည့်ရမယ်”ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ဖယ်ခုံမြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် ဖယ်ခုံမြို့နယ်အတွင်း ဟိန်ဓမ္မရပ်ကွက်အနီးရှိ ဧလာကွင်းစိုက်ကွင်းတွင် ဧက(၇၀) ကျော် နီးပါး FAW ငမြှောင်တောင်ပိုးများကျရောက်နပြေီး နောင်လိုင်နှင့် ကုရင်ကျေးရွာ လမ်းတစ်လျှောက် နှင့်ညောင်ပင်သာကွင်းများတွင် ငမြှောင်တောင်ဖျက်ပိုးငယ်များ စတင် ကျရောက်နေကြောင်း သိရသည်။
“ ကျွန်မရဲ့ အခင်းကမျိုးစေ့၊ မြသြေဇာဖိုး၊ အလုပ်သမားခ အကုန်နှစ်သိန်းကုန်ထားတယ်။ ပိုးကျတယ်ဆိုတာ မသိဘူး။ ကြားတော့ ကြားဖူးတယ်။အခက်ခဲတော့ ဖြစ်လာမှာပဲ။ အပင်လည်း မကောင်းတော့ဘူး။ အသီးလည်းကောင်းချင်မှကောင်းတော့မယ် ” ဟု ညောင်ပင်သာကျေးရွာမှ တောင်သူ ဒေါ်ငေးဇက်ကပြောသည်။
ဖယ်ခုံမြို့နယ်တွင်လည်း Faw ငမြှောင်တောင်ဖျက်ပိုးကျရောက်ခဲ့သော်လည်း မြို့နယ်စိုက်ပျိုးရေးဌာနနှင့် တောင်သူများပူးပေါင်းပြီး ကာကွယ်ရေးလုပ်ဆောင်ခဲ့သဖြင့် (၈) ဧကနီးပါးသာပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ သင်္ကြန်မတိုင်မီ တောင်သူတွေ စိုက်ပျိုးဖို့ ပြင်ဆင်နကြေတဲ့ချိန်ကတည်းက အသိပညာပေးတာတွေ လိုက်လုပ်တယ်။ ကြိုတင်ကာကွယ်ဖို့ပြင်ဆင်ရမှာတွေ ပြင်ဆင်ဖို့ပေါ့။ ရွာတွေရော၊ ဈေးထဲမှာလည်းလာတဲ့တောင်သူတွေကို ပညာပေးတာတွေ လုပ်ပေးတယ်။ သူတို့က ဒီပိုးနဲ့ပတ်သက်ပြီး အသိပညာအားနည်းတယ်။ လောလောဆယ် ဧကတစ်ရာနီးပါး ပိုးကျတယ်။ ပျက်ဆီးဆုံးရှုံးတာတွေ ဘာတွေကျတော့ ကျွန်မတို့ ဒေတာတွေမလုပ်ရသေးတော့မသိသေးဘူး။ မိုးလည်း တောက်လျှောက်ရွာနေတော့ လောလောဆယ်ပိုးကျတဲ့နေရာတွေကို လိုက်စစ်ဆေးတယ် ဆေးဖြန်းဖို့ပြောပြထားတယ် ”ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ဖယ်ခုံမြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းထက်က ပြောသည်။
ယခင်နှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် FAWငမြှောင်တောင်ဖျက်ပိုးများ ဆိုးဆိုးရွားရွားကျခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင်လည်း ငမြှောင်တောင်ဖျက်ပိုးကျရောက်နခြေင်းဖြစ်ကြောင်း သိရသည်။
ငမြှောင်တောင်ပိုးမှာ စိုက်ခင်းများကို ဖျက်ဆီးနိုင်စွမ်း အမြင့်ဆုံးဖျက်ပိုးများဖြစ်ပြီး ငမြှောင်တောင်ဖလံများသည် တစ်ညလျှင် မိုင်(၆၀)ကျော်အထိ ပျံသန်းနိုင်ကာ ဖလံအမတစ်ကောင်လျှင် ဥပေါင်း (၁၀၀)မှ (၁၅၀)ကျော်အထိ ဥချနိုင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း