သတင်း၊ဓါတ်ပုံ #ကိုသာ
******************
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ တွင်ရှိ ရွှေမြင်းဖြူဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့များတွင် ကျင်းပနေခြင်းဖြစ်ပါသည်။
နှစ်စဉ်ကျင်းပသည့် အဆိုပါပွဲတော်တွင် ရပ်ဝေးရောက်နေသည့် ကနီမြို့မှဒေသခံများလည်း ပြန်လာလေ့ရှိပြီး မိသားစုဆွေမျိုးများ၊ မိတ်ဆွေများ ပြန်လည်စုံဆည်းကြသည့်ပွဲတော်လည်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစေတီတော်ရင်ပြင်တွင် နိုဝင်ဘာလ(၂၇)ရက်နေ့က ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်ခြင်း အထိမ်းအမှတ် ကနီမြို့နယ်အတွင်းရှိ သံဃာ(၁၃၅)ပါး နှင့် သီလရှင်(၂၀)ပါးတို့အား ဆွမ်းဆန်ဆိမ်းလောင်းလှူကြသည်။
သတင်း၊ဓါတ်ပုံ #ကိုသာ