တာခ်ီလိတ္တြင္ Tachileik Talent Show အစီအစဥ္၏ ဒုတိယပတ္တြင္ သီဆိုသူ လူငယ္၀ါသနာရွင္ (၁၀)ဦးရွိခဲ့ၿပီး စာရင္းေပးသူ ၀ါသနာရွင္ (၃၀)၀န္းက်င္ရွိလာ

တာခ်ီလိတ္တြင္ Tachileik Talent Show အစီအစဥ္၏ ဒုတိယပတ္တြင္ သီဆိုသူ လူငယ္၀ါသနာရွင္ (၁၀)ဦးရွိခဲ့ၿပီး စာရင္းေပးသူ ၀ါသနာရွင္ (၃၀)၀န္းက်င္ရွိလာ
ဖေဖော်ဝါရီ 3, 2019
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕တြင္ ဂီတ၀ါသနာပါသည့္ လူငယ္မ်ားအား စနစ္တက် သီဆိုႏုိင္ရန္အတြက္ ၿပိဳင္ပြဲ မဟုတ္သည့္   Tachileik Talent Show အစီအစဥ္ကို  ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂)ရက္ေန႔ ညက ဒုတိယပတ္ အျဖစ္ က်င္းပျပဳလုပ္ရာ သီဆိုေဖ်ာ္ေျဖသူ ၀ါသနာရွင္ လူငယ္(၁၀)ဦးရွိခဲ့ၿပီး ေနာက္ပတ္မ်ားတြင္ သီဆိုရန္ အတြက္ လာေရာက္ စံုစမ္းကာ စာရင္းေပးသူ စုစုေပါင္း (၃၀)၀န္းက်င္ ရွိေၾကာင္း သိရသည္။

"ဖုန္းဆက္ၿပီး စာရင္းေပးတာေရာ၊ ဒီပြဲခင္းထဲမွာ ေရာက္ေနတာေရာဆိုရင္ (၃၀)၀န္းက်င္ရွိပါတယ္။ တီး၀ိုင္းနဲ႔အသံ စစ္ဖို႔ကိုေတာ့ လာမဲ့ အဂၤါေန႔မွန္းထားပါတယ္၊ ပထမတစ္ေခါက္ အသံစစ္လို႔ မေအာင္ရင္ စိတ္ဓါတ္က်သြားစရာ မလိုပါဘူး၊ ေနာက္တစ္ခါ အသံစစ္တဲ့ အခါမွာလည္း ထပ္စစ္လို႔ရပါတယ္။ အသံစစ္လို႔ ေအာင္တဲ့သူေတြကို ကြြ်န္ေတာ္တို႔ ဒီေနရာမွာ သီဆိုခြင့္ျပဳသြားမွာပါ၊ စာရင္းေပးထားသူက (၃၀)၀န္းက်င္ရွိေနေတာ့ ရရွိထားတဲ့ အခ်ိန္နဲ႔က မေလာက္ျဖစ္ေနတယ္။ အဲ့ဒီေတာ့ ကြ်န္ေတာ္တို႔ အသံေအာင္တဲ့သူ ေတာ္ေတာ္မ်ားရင္ေတာ့ လာမဲ့ တတိယအႀကိမ္မွာ ေသာၾကာ၊ စေန လုပ္သြားဖို႔ေတာ့ စဥ္းစားထားပါတယ္။ မေသခ်ာေသးေပမဲ့ နီးရင္ ျပန္ေျပာေပးမွာပါ"ဟု  Tachileik Talent Show Team မွ အဆိုေတာ္ ကိုအိုက္ထြန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရွမ္းရိုးမကြင္း အေနာက္ဘက္က Johnny Fitness Center ၀န္းထဲ၌ ျပဳလုပ္သည့္ Tachileik Talent Show တြင္ သီဆိုရန္အတြက္ အသံစစ္ျခင္းႏွင့္အတူ သီခ်င္းတိုက္ၿပီးသည့္ လူငယ္အဆို ၀ါသနာရွင္ (၁၀)ဦးက သီဆိုရာ လူငယ္မ်ားျဖင့္ အသစ္ဖြဲ႔စည္းထားရွိသည့္  A3N Band တီး၀ိုင္းအဖြဲ႔က တီးခတ္ေပးျခင္းျဖစ္ၿပီး ဂီတစိတ္၀င္စားသူမ်ားမွ လာေရာက္အားေပးခဲ့ၾကသည္။

Tachileik Talent Show တြင္ လိုအပ္ေနသည့္ တီး၀ိုင္းပစၥည္းမ်ားအနက္ တာခ်ီလိတ္ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရွမ္းရိုးမကုန္တိုက္ တိုက္တန္းတြင္ ဖြင့္လွစ္ထားရွိသည့္ Golden Land Music Stores ဂီတာဆိုင္ မွ ကိုသန္းကိုက Bass Guitar တစ္လံုးကိုလည္း လွဴဒါန္းေပးထားေၾကာင္း သိရသည္။

Tachileik Talent Show  အစီအစဥ္သည္ ၿပိဳင္ပြဲမဟုတ္ဘဲ အဆို၀ါသနာပါသူမ်ားႏွင့္ အတီး ၀ါသနာ ပါသူမ်ားကို စနစ္တက်ျဖစ္ရန္အတြက္ စေနေန႔တိုင္းတြင္ သီဆိုမႈမ်ား မျပဳလုပ္မိ တီး၀ိုင္းမ်ားျဖင့္ သီခ်င္း တိုက္ျခင္းမ်ားကို ျပဳလုပ္ေပးသြားမည္ျဖစ္ၿပီး အဆို၀ါသနာပါသူမ်ား ႏွင့္ အတီး၀ါသနာပါသူမ်ားအား Tachileik Talent Show အဖြဲ႔မွ စိစစ္လက္ခံကာ ၀ါသနာပါသူ လူငယ္မ်ားႏွင့္ ေပါင္းစပ္ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

"Tachileik Talent Show ဆိုတာက ၿပိဳင္ပြဲ မဟုတ္ပါဘူး၊ ၀ါသနာပါတဲ့ လူငယ္ေတြကို စနစ္တက် သီဆိုႏိုင္ေအာင္၊ အတီး၀ါသနာပါတဲ့ လူငယ္ေတြကိုလည္း စနစ္တက် တီးႏိုင္ေအာင္ ၀ါသနာပါတူ လူငယ္အခ်င္းခ်င္း ထိေတြ႔ေပးတာမ်ဳိးေတြ လုပ္ေပးသြားမွာပါ။ စေနေန႔တိုင္း သီဆိုမႈေတြ မျပဳလုပ္ခင္မွာ ကြ်န္ေတာ္တို႔ စတူဒီယိုမွာ သီခ်င္းတိုက္တာေတြ အတီးတိုက္တာေတြ လုပ္ေပးမွာ။ တီး၀ိုင္းတိုက္တာ၊ သီခ်င္းတိုက္တာေတြအတြက္ Smile Studio က ပံ့ပိုးကူညီေပးပါတယ္၊ အဆို၀ါသနာရွင္မ်ားအေနနဲ႔ ကြ်န္ေတာ္တုိ႔ကို ဆက္သြယ္လို႔ရပါတယ္။ ကြ်န္ေတာ္တို႔က စိစစ္လက္ခံေပးသြားမွာပါ၊" ဟု အဆိုေတာ္ အိုက္ထြန္းက ေျပာသည္။

Tachileik Talent Show အစီအစဥ္ တြင္ ပါ၀င္လိုသူ ၀ါသနာရွင္ လူငယ္မ်ားအေနျဖင့္ ဆက္သြယ္ ေမးျမန္းလိုပါက ကိုအိုက္ထြန္း(အဆိုေတာ္) 095242273 ၊ ကိုႀကီး (ေတးေရး) 09250777919 ႏွင့္ ကိုေဂ်ာ္နီ 095240445 သို႔ ဆက္သြယ္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


တာချီလိတ်မြို့တွင် ဂီတဝါသနာပါသည့် လူငယ်များအား စနစ်တကျ သီဆိုနိုင်ရန်အတွက် ပြိုင်ပွဲ မဟုတ်သည့် Tachileik Talent Show အစီအစဉ်ကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ ညက ဒုတိယပတ် အဖြစ် ကျင်းပပြုလုပ်ရာ သီဆိုဖျော်ဖြေသူ ဝါသနာရှင် လူငယ်(၁၀)ဦးရှိခဲ့ပြီး နောက်ပတ်များတွင် သီဆိုရန် အတွက် လာရောက် စုံစမ်းကာ စာရင်းပေးသူ စုစုပေါင်း (၃၀)ဝန်းကျင် ရှိကြောင်း သိရသည်။

"ဖုန်းဆက်ပြီး စာရင်းပေးတာရော၊ ဒီပွဲခင်းထဲမှာ ရောက်နေတာရောဆိုရင် (၃၀)ဝန်းကျင်ရှိပါတယ်။ တီးဝိုင်းနဲ့အသံ စစ်ဖို့ကိုတော့ လာမဲ့ အင်္ဂါနေ့မှန်းထားပါတယ်၊ ပထမတစ်ခေါက် အသံစစ်လို့ မအောင်ရင် စိတ်ဓာတ်ကျသွားစရာ မလိုပါဘူး၊ နောက်တစ်ခါ အသံစစ်တဲ့ အခါမှာလည်း ထပ်စစ်လို့ရပါတယ်။ အသံစစ်လို့ အောင်တဲ့သူတွေကို ကျွန်တော်တို့ ဒီနေရာမှာ သီဆိုခွင့်ပြုသွားမှာပါ၊ စာရင်းပေးထားသူက (၃၀)ဝန်းကျင်ရှိနေတော့ ရရှိထားတဲ့ အချိန်နဲ့က မလောက်ဖြစ်နေတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အသံအောင်တဲ့သူ တော်တော်များရင်တော့ လာမဲ့ တတိယအကြိမ်မှာ သောကြာ၊ စနေ လုပ်သွားဖို့တော့ စဉ်းစားထားပါတယ်။ မသေချာသေးပေမဲ့ နီးရင် ပြန်ပြောပေးမှာပါ"ဟု Tachileik Talent Show Team မှ အဆိုတော် ကိုအိုက်ထွန်းက ပြောသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်း အနောက်ဘက်က Johnny Fitness Center ဝန်းထဲ၌ ပြုလုပ်သည့် Tachileik Talent Show တွင် သီဆိုရန်အတွက် အသံစစ်ခြင်းနှင့်အတူ သီချင်းတိုက်ပြီးသည့် လူငယ်အဆို ဝါသနာရှင် (၁၀)ဦးက သီဆိုရာ လူငယ်များဖြင့် အသစ်ဖွဲ့စည်းထားရှိသည့် A3N Band တီးဝိုင်းအဖွဲ့က တီးခတ်ပေးခြင်းဖြစ်ပြီး ဂီတစိတ်ဝင်စားသူများမှ လာရောက်အားပေးခဲ့ကြသည်။

Tachileik Talent Show တွင် လိုအပ်နေသည့် တီးဝိုင်းပစ္စည်းများအနက် တာချီလိတ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကုန်တိုက် တိုက်တန်းတွင် ဖွင့်လှစ်ထားရှိသည့် Golden Land Music Stores ဂီတာဆိုင် မှ ကိုသန်းကိုက Bass Guitar တစ်လုံးကိုလည်း လှူဒါန်းပေးထားကြောင်း သိရသည်။

Tachileik Talent Show အစီအစဉ်သည် ပြိုင်ပွဲမဟုတ်ဘဲ အဆိုဝါသနာပါသူများနှင့် အတီး ဝါသနာ ပါသူများကို စနစ်တကျဖြစ်ရန်အတွက် စနေနေ့တိုင်းတွင် သီဆိုမှုများ မပြုလုပ်မိ တီးဝိုင်းများဖြင့် သီချင်း တိုက်ခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အဆိုဝါသနာပါသူများ နှင့် အတီးဝါသနာပါသူများအား Tachileik Talent Show အဖွဲ့မှ စိစစ်လက်ခံကာ ဝါသနာပါသူ လူငယ်များနှင့် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"Tachileik Talent Show ဆိုတာက ပြိုင်ပွဲ မဟုတ်ပါဘူး၊ ဝါသနာပါတဲ့ လူငယ်တွေကို စနစ်တကျ သီဆိုနိုင်အောင်၊ အတီးဝါသနာပါတဲ့ လူငယ်တွေကိုလည်း စနစ်တကျ တီးနိုင်အောင် ဝါသနာပါတူ လူငယ်အချင်းချင်း ထိတွေ့ပေးတာမျိုးတွေ လုပ်ပေးသွားမှာပါ။ စနေနေ့တိုင်း သီဆိုမှုတွေ မပြုလုပ်ခင်မှာ ကျွန်တော်တို့ စတူဒီယိုမှာ သီချင်းတိုက်တာတွေ အတီးတိုက်တာတွေ လုပ်ပေးမှာ။ တီးဝိုင်းတိုက်တာ၊ သီချင်းတိုက်တာတွေအတွက် Smile Studio က ပံ့ပိုးကူညီပေးပါတယ်၊ အဆိုဝါသနာရှင်များအနေနဲ့ ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်။ ကျွန်တော်တို့က စိစစ်လက်ခံပေးသွားမှာပါ၊" ဟု အဆိုတော် အိုက်ထွန်းက ပြောသည်။

Tachileik Talent Show အစီအစဉ် တွင် ပါဝင်လိုသူ ဝါသနာရှင် လူငယ်များအနဖြေင့် ဆက်သွယ် မေးမြန်းလိုပါက ကိုအိုက်ထွန်း(အဆိုတော်) 095242273၊ ကိုကြီး (တေးရေး) 09250777919 နှင့် ကိုဂျော်နီ 095240445 သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~