ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕တြင္း လမ္းဆံုတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၇) ရက္ေန႔ ညပိုင္းက ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားတစ္ဦးအား ေသနတ္ျဖင့္ပစ္ခတ္သြားသျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ထံက သိရသည္။
"ေသဆံုးသူ ကိုရန္လင္းေအာင္က အပစ္ခံရတဲ့ေနရာမွာပဲ ေသဆံုးသြားတဲ့အေနအထားရွိတယ္။ ျဖစ္စဥ္ အေသးစိတ္ကေတာ့ စံုစမ္းစစ္ေဆးေနဆဲရွိပါေသးတယ္" ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔စခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေက်ာက္မဲၿမိဳ႕ ေအာင္ဆန္းလမ္းႏွင့္ ေရႊဖီဦးလမ္း လမ္းဆံုအနီးတြင္ ည (၇) နာရီခြဲဝန္းက်င္က ဆိုင္ကယ္စီးလာသည့္ အသက္(၃၄)ႏွစ္အရြယ္ အမ်ိဳးသားအား ဆုိင္ကယ္တစ္စီးျဖင့္ေက်ာ္တက္ကာ ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္သြားသျဖင့္ ေနရာတြင္ ေသဆံုးသြားၿပီး ပစ္ခတ္သြားသူကို ရဲတပ္ဖြဲ႕က စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။
ေသဆံုးသူမွာ တပ္မေတာ္သားေဟာင္းတစ္ဦး ျဖစ္ၿပီး လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕၌ KTV ဖြင့္လွစ္ထားသူျဖစ္ကာ ကေလးႏွစ္ဦး၏ ဖခင္ျဖစ္ေၾကာင္း သိရသည္။
ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၅) ရက္ေန႔က အမွတ္ ( ၇ ) ရပ္ကြက္ရွိ ဓမၼေမဒနီ ေရႊက်င္ေက်ာင္းတိုက္မွ ဆရာေတာ္ ဥဴးကလ်ာဏဝံသအား ေက်ာင္းတုိက္အတြင္း ေသနတ္ျဖင့္ (၇)ခ်က္ပစ္ခတ္သြားမႈကိုလည္း ရဲတပ္ဖြဲ႕က စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
"သေဆုံးသူ ကိုရန်လင်းအောင်က အပစ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားတဲ့အနေအထားရှိတယ်။ ဖြစ်စဉ် အသေးစိတ်ကတော့ စုံစမ်းစစ်ဆေးနေဆဲရှိပါသေးတယ်" ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့ အောင်ဆန်းလမ်းနှင့် ရွှေဖီဦးလမ်း လမ်းဆုံအနီးတွင် ည (၇) နာရီခွဲဝန်းကျင်က ဆိုင်ကယ်စီးလာသည့် အသက်(၃၄)နှစ်အရွယ် အမျိုးသားအား ဆိုင်ကယ်တစ်စီးဖြင့်ကျော်တက်ကာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားသဖြင့် နေရာတွင် သေဆုံးသွားပြီး ပစ်ခတ်သွားသူကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ တပ်မတော်သားဟောင်းတစ်ဦး ဖြစ်ပြီး လက်ရှိတွင် ကျောက်မဲမြို့၌ KTV ဖွင့်လှစ်ထားသူဖြစ်ကာ ကလေးနှစ်ဦး၏ ဖခင်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့က အမှတ် ( ၇ ) ရပ်ကွက်ရှိ ဓမ္မမေဒနီ ရွှေကျင်ကျောင်းတိုက်မှ ဆရာတော် ဉူးကလျာဏဝံသအား ကျောင်းတိုက်အတွင်း သေနတ်ဖြင့် (၇)ချက်ပစ်ခတ်သွားမှုကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်