ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ထေးငှါးလျားကျေးရွာတွင် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ၂၀၁၉ခုနှစ် မတ်လ(၁၉)ရက်နေ့ နေ့လည်(၁၁)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - DTK
လွိုင်ကော်မြို့နယ်၊ ထေးငှါးလျားကျေးရွာ အုပ်စု(၄)ရှိ ဦးရယ်ဖဲလော်၏ သွပ်မိုး၊ ပျဉ်ခင်း ပျဉ်ကာ နေအိမ်တွင် နေအိမ်အတွင်း ထမင်းအိုးတည်ထားသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်တွင် နေ့လည် (၁၁)နာရီခွဲဝန်းကျင်က စတင်ကာ လောင်ကျွမ်းခဲ့ပြီး နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားနေချိန်တွင် နေအိမ်အတွင်း မိသားစုဝင်တစ်ဦးမျှ ရှိမနေကြောင်းနှင့် နေ့လည် (၁၂)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း အပြင် မီးပေါ့ဆမှု့ကြောင့် အိမ်ရှင်အား အရေးယူဆောင်ရွက်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - DTK