ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးမွ သက္ေသခံပစၥည္းဘ႑ာသိမ္းမ်ားျဖစ္သည့္ ဆိုဒီယမ္ဆိုင္ယာႏိုဒ္( Sodium Cyanide )(၁၈) တန္ကို ၂၀၁၉ ခုႏွစ္၊ ေမလ (၂၉)ရက္ေန႔ နံနက္ (၁၀)နာရီက ၿမိဳ႕မရဲစခန္းတြင္ ေစ်းၿပိဳင္စနစ္ျဖင့္ ေလလံတင္ရာ ေရႊတူးေဖၚေရးကုမၸဏီ (၂)ခုက က်ပ္သိန္း (၉၀၀)ေက်ာ္ျဖင့္ ေလလံ ရယူသြားသည္။
ေစ်းၿပိဳင္စနစ္ျဖင့္ ေလလံတင္သည့္ Lot-1 မွ ဆိုဒီယမ္ဆိုင္ယာႏိုဒ္( Sodium Cyanide )(၃) တန္ကို ေရႊလါဘ္ေကာင္ကုမၸဏီက တစ္တန္လွ်င္ က်ပ္ (၅,၀၀၃,၀၀၀) ႏႈန္းျဖင့္ စုစုေပါင္း က်ပ္သိန္း(၁၅၀)ေက်ာ္ျဖင့္ေလလံေအာင္သြားၿပီး Lot-2 မွ ဆိုဒီယမ္ဆိုင္ယာႏိုဒ္( Sodium Cyanide ) (၁၅) တန္ကို ျမင့္ဦးေအာင္ကုမၸဏီက တစ္တန္လွ်င္ က်ပ္ (၅,၀၀၄,၀၀၀) ျဖင့္ စုစုေပါင္း က်ပ္သိန္း (၇၅၀)ေက်ာ္ျဖင့္ ေလလံေအာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
"ေလွ်ာက္လႊာ (၅) ခုေရာင္းတယ္။ ကုမၸဏီ (၂) ခုပဲျပန္သြင္းပါတယ္။ ဒါေတြက ၿမို႕နယ္တရားရံုးက အမႈေတြေပါ့။ ခရိုင္တရားရံုးကို တာ၀န္ေပးလို႔သာ ကၽြန္ေတာ္တို႔က ေလလံပစ္ေပးတာပဲ ရိွတာပါ။ ေလလံေအာင္ၿပီဆိုတာနဲ႔ ေငြသြင္းၿပီးတာနဲ႔ ထုတ္ခြင့္ေပးမွာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္တရားသူႀကီး ဦးဟန္သိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
သိမ္းဆည္းထားသည့္ သက္ေသခံ ဆိုဒီယမ္ဆိုင္ယာႏိုဒ္မ်ားကို ေစ်းၿပိဳင္စနစ္ျဖင့္ ေလလံပစ္ႏိုင္ရန္အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ခရိုင္တရားသူႀကီး၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမို႕နယ္ရဲတပ္ဖြဲ႕မွဴး၊ ၿမိဳ႕နယ္ဥပေဒအရာရိွ၊ စက္မႈ၀န္ႀကီးဌာန၊ စက္မႈႀကီးၾကပ္ဌာနမွ ခရိုင္တာ၀န္ခံ၊ သတၱဳတြင္း၀န္ႀကီးဌာနမွ ခရိုင္တာ၀န္ခံႏွင့္ ၿမိဳ႕နယ္တရားသူႀကီးတို႔ပါ၀င္ေသာ စီမံခန္႔ခြဲမႈ ေကာ္မတီကို ဖြဲ႕စည္းတာ၀န္ေပးအပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
ေလလံတင္လုိက္သည့္ ဆိုဒီယမ္ဆိုင္ယာႏိုဒ္မ်ားအနက္ Lot.2 ျဖင့္ေရာင္းခ်သည့္ ကီလို (၁၅)တန္မွာ ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးအဖြဲ႕ (ONCB)ႏွင့္ ျမန္မာႏိုင္ငံမူးယစ္ေဆး၀ါး တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႔တို႔ သတင္းဖလွယ္ဆက္သြယ္ခ်က္အရ ၂၀၁၈ခုႏွစ္ ဇြန္လ(၂)ရက္ေန႔ နံနက္(၁၁)နာရီခြဲ၀န္းက်င္အခ်ိန္က ခ်စ္ၾကည္ေရးအမွတ္(၂)တံတားတြင္ ထိုင္းႏိုင္ငံသား ေမာင္းႏွင္လာသည့္ (၁၀)ဘီးယာဥ္မွ ဖမ္းဆီးရမိထားျခင္းျဖစ္ၿပီး lot.1 ျဖင့္ေရာင္းခ်သည့္ (၃)တန္မွာ တာခ်ီလိတ္ - က်ဳိင္းတံုကားလမ္း မယ္ဟုတ္ေက်းရြာအပိုင္းတြင္ ၂၀၁၈ခုႏွစ္၊ မတ္လ(၂၅)ရက္ေန႔ နံနက္(၇)နာရီခြဲဝန္းက်င္က အီတန္(၆)ဘီးယာဥ္ေပၚမွ ဖမ္းဆီးရမိထားျခင္းျဖစ္သည္။
ေရႊသတၱဳတူးေဖၚရာတြင္ အသံုးျပဳသည့္ ဆိုဒီယမ္ဆိုင္ယာႏုိက္ဒ္မွာ မူးယစ္ေဆးဝါးထုတ္လုပ္ရာတြင္လည္း သံုးစြဲသျဖင့္ ျမန္မာႏုိင္ငံတြင္ ထိန္းခ်ဳပ္ဓါတုပစၥည္းအမ်ိဳးအစားအျဖစ္ သတ္မွတ္ထားျခင္းျဖစ္ရာ သတၱဳတူးေဖၚေရးကုမၸဏီမ်ားအေနျဖင့္ ဆိုင္ယာႏုိဒ္တင္သြင္းလိုပါက ခြင့္ျပဳခ်က္ေလွ်ာက္ထားရယူ ေဆာင္ရြက္ၾကရျခင္းျဖစ္သည္။
Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
ဈေးပြိုင်စနစ်ဖြင့် လေလံတင်သည့် Lot-1 မှ ဆိုဒီယမ်ဆိုင်ယာနိုဒ်( Sodium Cyanide )(၃) တန်ကို ရွှေလာဘ်ကောင်ကုမ္ပဏီက တစ်တန်လျှင် ကျပ် (၅,ဝဝ၃,ဝဝဝ) နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း(၁၅၀)ကျော်ဖြင့်လေလံအောင်သွားပြီး Lot-2 မှ ဆိုဒီယမ်ဆိုင်ယာနိုဒ်( Sodium Cyanide ) (၁၅) တန်ကို မြင့်ဦးအောင်ကုမ္ပဏီက တစ်တန်လျှင် ကျပ် (၅,ဝဝ၄,ဝဝဝ) ဖြင့် စုစုပေါင်း ကျပ်သိန်း (၇၅၀)ကျော်ဖြင့် လေလံအောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
"လျှောက်လွှာ (၅) ခုရောင်းတယ်။ ကုမ္ပဏီ (၂) ခုပဲပြန်သွင်းပါတယ်။ ဒါတွေက မြို့နယ်တရားရုံးက အမှုတွေပေါ့။ ခရိုင်တရားရုံးကို တာဝန်ပေးလို့သာ ကျွန်တော်တို့က လေလံပစ်ပေးတာပဲ ရှိတာပါ။ လေလံအောင်ပြီဆိုတာနဲ့ ငွေသွင်းပြီးတာနဲ့ ထုတ်ခွင့်ပေးမှာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်တရားသူကြီး ဦးဟန်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သိမ်းဆည်းထားသည့် သက်သေခံ ဆိုဒီယမ်ဆိုင်ယာနိုဒ်များကို ဈေးပြိုင်စနစ်ဖြင့် လေလံပစ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခရိုင်တရားသူကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ဌာနမှ ခရိုင်တာဝန်ခံ၊ သတ္တုတွင်းဝန်ကြီးဌာနမှ ခရိုင်တာဝန်ခံနှင့် မြို့နယ်တရားသူကြီးတို့ပါဝင်သော စီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
လေလံတင်လိုက်သည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်များအနက် Lot.2 ဖြင့်ရောင်းချသည့် ကီလို (၁၅)တန်မှာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့ သတင်းဖလှယ်ဆက်သွယ်ချက်အရ ၂၀၁၈ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ထိုင်းနိုင်ငံသား မောင်းနှင်လာသည့် (၁၀)ဘီးယာဉ်မှ ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး lot.1 ဖြင့်ရောင်းချသည့် (၃)တန်မှာ တာချီလိတ် - ကျိုင်းတုံကားလမ်း မယ်ဟုတ်ကျေးရွာအပိုင်းတွင် ၂၀၁၈ခုနှစ်၊ မတ်လ(၂၅)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်က အီတန်(၆)ဘီးယာဉ်ပေါ်မှ ဖမ်းဆီးရမိထားခြင်းဖြစ်သည်။
ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုက်ဒ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်လည်း သုံးစွဲသဖြင့် မြန်မာနိုင်ငံတွင် ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစားအဖြစ် သတ်မှတ်ထားခြင်းဖြစ်ရာ သတ္တုတူးဖော်ရေးကုမ္ပဏီများအနဖြေင့် ဆိုင်ယာနိုဒ်တင်သွင်းလိုပါက ခွင့်ပြုချက်လျှောက်ထားရယူ ဆောင်ရွက်ကြရခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း