ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ၂၀၁၉ခုႏွစ္ ဇြန္လ(၂၈)ရက္ေန႔တြင္ တာခ်ီလိတ္ၿမို႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၂)တံတားမွ တဆင့္ စုစုေပါင္း(၄၆)ဦးအား လႊဲေျပာင္းေပးလာရာ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ားအျပား ပါ၀င္ေၾကာင္း သိရသည္။
"ဒီတစ္ခါ လႊဲေျပာင္းေပးလာတဲ့အထဲမွာ ရွမ္းေတာင္က ေတာ္ေတာ္မ်ားမ်ားပါတယ္၊ အဲ့ထဲမွာ ဘန္ေကာက္ထဲကို အလုပ္သြားလုပ္ဖို႔ အသြား ဘန္ေကာက္မေရာက္ခင္ ဖဲ့ၿမိဳ႕မွာ ဖမ္းခံရၿပီး ျပန္ပို႔လာတ့ဲသူေတြ အမ်ားႀကီးပါတယ္၊ ဒါေတာင္ သူတို႔နဲ႔အတူတူအဖမ္းခံရတဲ့ အမ်ဳိးသားေတြ ဟိုမွာ က်န္ခဲ့ေသးတယ္လို႔ ေျပာတယ္"ဟု လႊဲေျပာင္းလက္ခံေရးအဖြဲ႔တြင္ ပါ၀င္သူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ဇြန္လ(၂၈)ရက္ေန႔ နံနက္(၁၀)နာရီ (၄၅)မိနစ္၀န္းက်င္အခ်ိန္က ထိုင္းႏုိင္ငံ မယ္ဆိုင္လ၀ကရံုးမွ အရာရွိ ခ်နရြန္ပူမိဖြန္ ႏွင့္ အဖြဲ႔က တာခ်ီလိတ္ၿမိဳ႕ဘက္ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတားသို႔ လာေရာက္လႊဲေျပာင္းရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။
လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသား အမ်ဳိးသား(၁၇)ဦး ႏွင့္ အမ်ဳိးသား(၂၆)ဦး အျပင္ ကေလးငယ္(၃)ဦး စုစုေပါင္း (၄၆)ဦး ပါ၀င္ရာ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၃၂)ဦးပါ၀င္ေၾကာင္း သိရသည္။
ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထိုင္းႏုိင္ငံက ၎တို႔၏ ဥပေဒအတိုင္း အေရးယူၿပီးေနာက္ ျမန္မာႏိုင္ငံ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာရာတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၂၈)ရက္ေန႔အထိ အမ်ဳိးသား ( ၆၉၉ )ဦး ႏွင့္ အမ်ဳိးသမီး(၃၆၁)ဦး အျပင္ ကေလးငယ္(၃၆)ဦးရွိရာ စုစုေပါင္း (၁၀၉၆)ဦးရွိၿပီ ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
"ဒီတစ်ခါ လွှဲပြောင်းပေးလာတဲ့အထဲမှာ ရှမ်းတောင်က တော်တော်များများပါတယ်၊ အဲ့ထဲမှာ ဘန်ကောက်ထဲကို အလုပ်သွားလုပ်ဖို့ အသွား ဘန်ကောက်မရောက်ခင် ဖဲ့မြို့မှာ ဖမ်းခံရပြီး ပြန်ပို့လာတဲ့သူတွေ အများကြီးပါတယ်၊ ဒါတောင် သူတို့နဲ့အတူတူအဖမ်းခံရတဲ့ အမျိုးသားတွေ ဟိုမှာ ကျန်ခဲ့သေးတယ်လို့ ပြောတယ်"ဟု လွှဲပြောင်းလက်ခံရေးအဖွဲ့တွင် ပါဝင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဇွန်လ(၂၈)ရက်နေ့ နံနက်(၁၀)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်လဝကရုံးမှ အရာရှိ ချနရွန်ပူမိဖွန် နှင့် အဖွဲ့က တာချီလိတ်မြို့ဘက် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားသို့ လာရောက်လွှဲပြောင်းရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။
လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၁၇)ဦး နှင့် အမျိုးသား(၂၆)ဦး အပြင် ကလေးငယ်(၃)ဦး စုစုပေါင်း (၄၆)ဦး ပါဝင်ရာ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၃၂)ဦးပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံက၎င်းတို့၏ ဥပဒေအတိုင်း အရေးယူပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်သို့ လွှဲပြောင်းပေးလာရာတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၂၈)ရက်နေ့အထိ အမျိုးသား ( ၆၉၉ )ဦး နှင့် အမျိုးသမီး(၃၆၁)ဦး အပြင် ကလေးငယ်(၃၆)ဦးရှိရာ စုစုပေါင်း (၁၀၉၆)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း