UWSA “၀” တပ်ဖွဲ့၊ တပ်မဟာ(၅၁၈)က ဖမ်းဆီးရမိသည့်
မိုင်းဆတ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မို်င်းဆတ်မြို့၌ တရားခံ(၁၃)ဦးအား မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် အတူ တပ်မတော်မှ မူးယစ်တပ်ဖွဲ့စု(၂၉)သို့ စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံတွင်နေထိုင်သည့် တရားခံ(၅)ဦးနှင့် မိုင်းဆတ်မြို့၊ မိုင်းယွန်း“၀”ဒေသ တွင် နေထိုင်သည့်တရားခံ(၈)ဦး စုစုပေါင်း(၁၃)ဦး၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၄၀၁၈၀) ပြား၊ ၇၉ မမလောင်ချာ(၁)လက်နှင့် ဗုံးသီး(၁၅)လုံး၊ ပစ္စတို(၄)လက်၊ ကျည်အိမ်(၄)ခုနှင့် ကျည်(၆၄)တောင့်၊ M-16 (၂) လက်၊ ကျည်အိမ်(၃)ခုနှင့်ကျည်(၁၈၁)တောင့်၊ AK အမျိုးအစား(၂)လက်၊ ကျည်အိမ်(၅)ခုနှင့် ကျည်(၁၀၀)တောင့်၊ ဓားမြှောင်(၄)လက်တို့ပါဝင်သည်။ တရားခံများသည် အသက်(၁၄)နှစ်မှ(၂၇)နှစ်အတွင်းရှိ လူငယ်များဖြစ်သည်။
အဆိုပါ တရားခံများအား UWSA “၀” တပ်ဖွဲ့၊ တပ်မဟာ(၅၁၈)မှ သြဂုတ် ၂၅ ရက်က မိုင်းယွန်းကျေးရွာ အုပ်စု၊ မိုင်းယွမ်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး UWSA “၀” တပ်ဖွဲ့မှ စစ်ဒေသ(၁၇၁) ဟွေအောမြို့နယ်မှူးရုံးတွင် တပ်မတော် စစ်ဗျူဟာအခြေချ(မိုင်းတုံ)သို့ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက အခမ်းအနားဖြင့် လွှဲပြောင်းပေး အပ်ခဲ့သည်။
စစ်ဗျူဟာအခြေချ(မိုင်းတုံ)မှလိုအပ်သော စစ်ဆေးမှုများပြုလုပ်၍ မူးယစ်တပ်ဖွဲ့စု(၂၉)သို့ ပြန်လည်လွှဲ ပြောင်းပေးအပ်ခြင်းဖြစ်ပြီး တရားခံများအား မိုင်းဆတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)